အာဆင်နယ်အသင်းဟာ ရလဒ်တွေ ဆိုးရွားနေပြီး အဆင့်၁၅ထိ ဆင်းသက်ရပ်တည်ပါတယ်။

အာတီတာရဲ့ လုပ်ရပ်တွေက မှန်ကန်ပြီး အာဆင်နယ်အသင်းရဲ့ လှပတဲ့ အနာဂတ်ကိုလည်း ကြိုမြင်ထားတယ်လို့ နည်းစနစ်ဒါရိုက်တာ အီဒူက ပြောလာတာပါ။

အာဆင်နယ်အသင်းမှာ လှပပြီး ကြီးမားတဲ့ အနာဂတ်တွေ ရှိနေသလို နည်းပြ အာတီတာအနေနဲ့ အကောင်းဆုံး လုပ် ဆောင်ထားနိုင်ဆဲ ဖြစ်တယ်လို့ နည်းစနစ်ဒါရိုက်တာ အီဒူက ထုတ်ဖော်ပြောလာပါတယ်။



ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ၄၆နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပြီး ၆၁နှစ်အတွင်းမှာ လည်း ပထမဆုံး အိမ်ကွင်း ၄ပွဲဆက် ရှုံးပွဲနဲ့ ကြုံတွေ့နေရပါပြီ။

ကိုဗစ်ကာလမှာ ဝင်ရောက်ကြည့်ရှုခွင့်ရတဲ့ ပရိသတ် ၂၀၀၀က အသင်းကို လှောင်ပြောင်မှုများရှိသော်လည်း အာတီတာ ဟာ အသင်းကို ဘက်မလိုက်ပဲ အုပ်ချုပ်နေတယ်လို့ အသင်းရဲ့ အကြီးတန်း အရာရှိတွေက ဆိုပါတယ်။

“မီခေးလ်က မှန်ကန်တဲ့ အလုပ်ကို လုပ်နေတာပါ၊အခြေအနေတွေကို ပုံမှန်အတိုင်း ထိန်းကျောင်းသွားလို့ရပါတယ်။ဒါပေ မယ့် အနာဂတ်ကို ကျွန်တော် မြင်နေပါတယ်။တစ်နေ့ချင်းစီကို အခြေခံပြီး ကျွန်တော်တို့ တည်ဆောက်နေတဲ့အရာကို မြင် နိုင်ပါတယ်။အခုအချိန်မှာ လူတိုင်း မှန်သလို လူတိုင်းလည်း အလုပ်လုပ်နေကြပါတယ်။”လို့ အီဒူက ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ လက်ရှိမှာ နောက်ဆုံး ၅ပွဲမှာ တစ်မှတ်သာရထားသလို နောက်ဆုံး ၈ပွဲအထိမှာလည်း ၄မှတ် သာရထားပါတယ်။

ဒါကြောင့် တန်းဆင်းဇုန်ထက် ၅မှတ်သာများပြီး အမှတ်ပေးဇယားအဆင့် ၁၅မှာ ရပ်တည်နေပါတယ်။ မနှစ်က ၂၀၁၉ခုနှစ် မှာ အူနိုင်းအမ်မရီအသင်းကပြောင်းတော့ အာတီတာ နည်းပြ ဖြစ်လာပါတယ်။ပြီးတော့ မန်စီးတီး၊ချဲလ်ဆီးတို့ကို ကျော်ဖြတ် ပြပြီး အာဆင်နယ်အသင်းရဲ့ ၁၄ကြိမ်မြောက် အက်ဖ်ေအေဖလားကို ပိုင်ဆိုင်စေခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးကိုလည်း လိဂ်မှာရော၊ရှုံးထွက်မှာရော ကွန်မြူနတီဒိုင်းမှာရော အနိုင်ကစားနိုင်ခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကလည်း ယူနိုက်တက်ကို အိုးထရက်ဖို့မှာ အနိုင်ကစားပြနိုင်ခဲ့ပါတယ်။

သို့သော်လည်း အဲ့ဒီနေ့ပြီးကတည်းက တိုက်စစ်မှူး အူဘာမီယန်း ဂိုးပေါက်ပျောက်ဆုံးခဲ့သလို ပြန်တွေ့တော့လည်း ကိုယ့် ဂိုးကိုယ်သွင်းမိစေခဲ့ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က