၂၀၁၈ ဒီဇင်ဘာမှာ ယူနိုက်တက် လမ်းခွဲခဲ့သူပါ။

ယူနိုက်တက်အသင်းဟာ သူ့ရဲ့ နည်းပြဘဝတစ်လျှောက် အချိန်လုံလုံလောက်လောက် မပေးခဲ့တဲ့ ပထမဆုံး ကလပ်အ သင်းလို့လည်း မော်ရင်ဟိုက ပြောပါတယ်။

ယူနိုက်တက်မှာရှိစဥ် လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လုံလောက်တဲ့ အချိန်တစ်ခု မပေးခဲ့တာမျိုး စပါးမှာ ထပ်မဖြစ်အောင် အသင်းနဲ့ ရေရှည် လက်တွဲနိုင်အောင် ကြိုးစားမယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ထုတ်ဖော်ပြောလာပါ တယ်။



လက်ရှိမှာတော့ မော်ရင်ဟိုဟာ မနှစ်က နည်းပြ ပွန်ချက်တီနိုရဲ့ နေရာမှာ အစားဝင်ပြီး တစ်နှစ်အကြာမှာ စပါးအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကိ တင်ပေးထားနိုင်ပါပြီ။

ယနေ့ညမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလုဖို့အတွက် လက်ရှိချန်ပီယံ လီဗာပူးအသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

မော်ရင်ဟိုအနေနဲ့ကတော့ စပါးအသင်းကို တာဝန်မယူခင် ယူနိုက်တက်အသင်းကို နည်းပြခဲ့ပြီး ယူနိုက်တက်နဲ့ လမ်းခွဲပြီး ၂နှစ်ခွဲလောက်အကြာမှ စပါးအသင်းနှင့်အတူ ဘောလုံးနည်းပြ လောကထဲ ပြန်ဝင်လာခဲ့သူပါ။

ယူနိုက်တက်မှာတုန်းက အသင်းနဲ့ ရေရှည် လုပ်ဆောင်မှုတွေ လုပ်ဖို့ ရှိခဲ့ပေမယ့်လည်း သူ့ကို ထုတ်ပယ်တာ စောခဲ့ ကြောင်း မော်ရင်ဟိုက ဆိုပါတယ်။

“ယူနိုက်တက်လို အဆင့်မြင့် အသင်းတစ်သင်းကို ကျွန်တော် တာဝန်ယူခဲ့ရချိန်မှာ အဆိုးဆုံးက အချိန်မလုံလောက်ခဲ့တာ ပါပဲ၊ဒီလိုမျိုး အချိန်တစ်ခုယူပြီး ကျွန်တော် ပေါ်တို၊အင်တာ၊ရီးရဲနဲ့ချဲလ်ဆီးအသင်းတို့ကို တည်ဆောက်ပြခဲ့တာပါ။ ကျွန် တော့်ရူးသွပ်မှုက နိုင်ငံတွေ အများကြီးကိုသွားပြီး အောင်မြင်မှုတွေ အများကြီး ယူချင်တာပါ။နိုင်ပြီးရင် နှုတ်ဆက်ပြီး နောက်တစ်သင်းပြောင်းမယ်။ဒါက ကျွန်တော့် အတွေးပါ။ပထမဆုံး ကျွန်တော့်ကို အချိန်အလုံအလောက်မပေးခဲ့တာက တော့ ယူနိုက်တက်ပါပဲ။လမ်းခုလတ်မှာပဲ ရှိပါသေးတယ်၊ဒါပေမယ့်လည်း လေးစားမှုအပြည့်နဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လောက်တောင် မြန်မြန်ဆန်ဆန်ချခဲ့ကြလဲဆိုတာကို ကျွန်တော်သင်ယူခဲ့ရပါတယ်။”လို့ မော်ရင်ဟိုက ဆိုပါတယ်။

မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းမှာရှိစဥ် ပထမရာသီမှာပဲ ကွန်မြူနတီဒိုင်း၊လိဂ်ဖလားနဲ့ ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ဆုဖလားတွေကို ပိုင်ဆိုင်စေခဲ့သူပါ။

၂၀၁၈အရောက်မှာတော့ ကလပ်အသင်းမှာ ၁၇ပွဲကစားအပြီး အဆင့် ၆မှာရပ်တည်နေချိန် ကလပ်အသင်းက ထွက်ခွာလာ ခဲ့ရပါတယ်။

မော်ရင်ဟိုကတော့ လက်ရှိမှာ စပါးအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ယူရိုပါလိဂ်မှာ လည်း ၃၂သင်းအဆင့်ကို တက်လှမ်းထားနိုင်ပါတယ်။

လက်ရှိ အသက် ၅၇နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ စပါးအသင်းနဲ့အတူ ကာလရှည်လက်တွဲဖြစ်သွားမယ်လို့ ဆိုခဲ့ပြီး အသင်းနဲ့ လက်တွဲလုပ်ဆောင်ရတာလည်း ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောလာပါတယ်။

Share

Loading Next Article...
က္က