နည်းပြဘီလစ်နဲ့အတူ သူ့ရဲ့နည်းပြအဖွဲ့တစ်ခုလုံးကို အသင်းကထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

မနေ့ညက,ကစားခဲ့တဲ့ပရီးမီးယားလိဂ်ထိပ်တန်းအသင်း မန်စီးတီးနဲ့ပွဲမှာ ဝက်စ်ဘရွန်းအသင်းဟာ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပြီး အထင်ကြီးစရာခြေစွမ်းပြသကာသရေတစ်မှတ်ခွဲယူနိုင်ခဲ့ပေမယ့် ဝက်စ်ဘရွန်းနည်းပြ ဘီလစ်ကတော့ ဒီနေ့မှာရာထူးကထုတ်ပယ်ခံလိုက်ရပါတယ်။ 

ဝက်စ်ဘရွန်းအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ပွဲကစားပြီးချိန်မှာ နိုင်ပွဲ(၁)ပွဲသာရထားပြီး (၈)ပွဲတိတိရှုံးနိမ့်ထားပြီး(၄)ပွဲသရေကျထားကာ ရမှတ်(၇)မှတ်နဲ့အဆင့်(၁၉)နေရာ တန်းဆင်းဇုန်အတွင်းကျရောက်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၅-၁ဂိုးနဲ့ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲအပြီးမှာကတည်းက ခရိုအေးရှားလူမျိုးနည်းပြ ဘီလစ်ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် မန်စီးတီးနဲ့သရေတစ်မှတ်စီခွဲယူနိုင်ခဲ့တဲ့ပွဲကိုကိုင်တွယ်ခွင့်ရခဲ့သေးတာပါ။ 



နည်းပြဘီလစ်ကို ထုတ်ပယ်ခဲ့ကြောင်းကိုတော့ ဝက်စ်ဘရွန်းအသင်းက ဒီနေ့မှာ အသင်းပိုင်ဝက်ဘ်ဆိုက်က တဆင့်တရားဝင်ကြေညာခဲ့ပါတယ်။ နည်းပြဘီလစ်နဲ့အတူ သူ့ရဲ့နည်းပြအဖွဲ့တစ်ခုလုံးကို အသင်းကထုတ်ပယ်ခဲ့တာဖြစ်ပြီး အသင်းအနာဂတ်အတွက် လက်ရှိအချိန်မှာ ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ ဝက်စ်ဘရွန်းအသင်းရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဘီလစ်ဟာ ဝက်စ်ဘရွန်းအသင်းကို ၂၀၁၉-၂၀ ဘောလုံးရာသီမှာစတင်ကိုင်တွယ်ခဲ့ပြီး ချန်ပီယံရှစ်မှာဒုတိယနေရာရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်အောင် ကူညီပေးနိုင်ခဲ့တဲ့နည်းပြတစ်ဦးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က