အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်ကို သရေသာကစားနိုင်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ် ၁-၁ ဆောက်သမ်တန်ပွဲမှာ ဝဲလ်ကော့က ဆောက်သမ်တန်အသင်းအတွက် ဦး ဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှူး သီအိုဝဲလ်ကော့က မနေ့ညက ယှဥ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။



ဝဲလ်ကော့ဟာ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပေမယ့်လည်း ဆောက်သမ်တန်အသင်းကလည်း သူ့ရဲ့ ငယ်မွေးခြံပေါက် အသင်းတစ်သင်းဖြစ်ပါတယ်။

မနေ့ညကပွဲမှာလည်း ဝဲလ်ကော့က ဆောက်သမ်တန်အတွက် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် အာဆင်နယ်အတွက် တိုက် စစ်မှူး အူဘာမီယန်းကချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

ဒီဂိုးကြောင့်ပဲ အာဆင်နယ်အသင်းဟာ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့သလို အူဘာမီယန်းလည်း ယူနိုက်တက်နဲ့ ပွဲပြီး ကတည်းက ပထမဆုံး ဂိုးပေါက် ပြန်တွေ့ခဲ့တယ်လို့ ဆိုရမှာပါ။

“အရိုးသားဆုံးပြောရရင် အာဆင်နယ်အသင်းမှာ အကြောက်တရား များစွာ တွေ့မြင်ခဲ့ရပါတယ်။”လို့ ဝဲလ်ကော့က Amazon ကိုပြောခဲ့ပါတယ်။

ဝဲလ်ကော့ဟာ အာဆင်နယ်အသင်းထံ ၂၀၀၅ခုနှစ်ကရောက်လာပြီး ၁၂နှစ်အကြာ ၂၀၁၇မှာတော့ အဲဗာတန်ကို ထွက်ခွာ ခဲ့ပါတယ်။

ဝဲလ်ကော့ရဲ့ အဆိုနဲ့ ပတ်သက်ပြီး မိမိအနေနဲ့ မသိကြောင်း၊ဝဲလ်ကော့နဲ့ စကားပြောမိခဲ့ချိန်တုန်းကလည်း သူဒီအကြောင်း ကို ကျွန်‌တော့်ကို မပြောကြောင်း၊အခြားအကြောင်းတွေသာ ပြောကြောင်း၊သူ့ စိတ်ခံစားချက်ကိုပြောတာဆိုရင် မသိ ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ သရေရလဒ်ကြောင့် အဆင့် ၁၅မှာသာ ဆက်လက်ရပ်တည်နေပြီး တန်းဆင်းဇုန်က ဘန်လေ အသင်းထက် ၂ပွဲပိုကစားပြီး ၅မှတ်အသာနဲ့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က