ဝဲလ်ကော့ဟာ ဟအာဆင်နယ် အသင်းမှာ ၁၂နှစ်ကြာ ကစားခဲ့သူပါ။

ဝဲလ်ကော့ဟာ အာဆင်နယ်အသင်းမှာ ၁၂နှစ်ကြာ ကစားလာခဲ့သူ ဖြစ်ပေမယ့်လည်း ဆောက်သမ်တန်အသင်းဟာ ငယ်စဥ် က အကယ်ဒမီကစားသမားအဖြစ် စတင်ခဲ့ရာ ငယ်မွေးခြံပေါက် အသင်းတစ်သင်းဖြစ်ပါတယ်။

ဆောက်သမ်တန် တိုက်စစ်မှူး ဝဲလ်ကော့ဟာ မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲမှာ အသင်းအတွက် အဖိုးတန် အဖွင့်ဦးဆောင်ဂိုးကိုသွင်းပေးခဲ့သူပါ။



ဒါပေမယ့် ပြိုင်ဖက် အာဆင်နယ်အသင်းဆိုတာ ဝဲလ်ကော့ ၁၂နှစ်ကြာ လက်တွဲလာခဲ့ဖူးတဲ့ ကလပ်အသင်းဟောင်း တစ် သင်းဖြစ်ပါတယ်။

ဒီလိုအသင်းဖက်ကို ပြိုင်ဖက်အဖြစ်နဲ့ ဂိုးသွင်းယူအပြီး အောင်ပွဲခံခဲ့တဲ့ မိမိရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဝဲလ်ကော့က အခုလို ရှင်းလင်း ပြောခဲ့ပါတယ်။

“ကစားသမားတစ်ဦးအနေနဲ့ ဘယ်အသင်းမှာပဲ ကစားနေနေ ဂိုးသွင်းယူနိုင်တဲ့အခါ အကောင်းဆုံး ခံစားချက်ကို ဖြစ်ပေါ် စေပါတယ်။အခုချိန်မှာ ကျွန်တော် ဆောက်သမ်တန်အတွက် ကစားနေတာပါ၊နောက်ပြီး ဆောက်သမ်တန်လို ငယ်မွေး ခြံ ပေါက်အသင်းတစ်သင်းအတွက် ကစားပေးဖို့နဲ့ ဂိုးသွင်းယူပေးနိုင်ဖို့က ကျွန်‌တော့်ရဲ့ ကြီးမားတဲ့ အရာတစ်ခုပါ။ပုဂ္ဂိုလ်ရေး အရ ကျွန်တော့်အတွက် ဆောက်သမ်တန်က ကြီးမားတဲ့ အရာတစ်ခုပါပဲ။ဒါကြောင့် ဂိုးသွင်းအပြီး ကျွန်တော် အောင်ပွဲခံ လို့ မရဘူးလား?ဘာလို့လဲ?”လို့ ဝဲလ်ကော့က ပွဲအပြီးမှာ ပြောသွားပါတယ်။

တကယ်လည်း ဝဲလ်ကော့ဟာ ငယ်စဥ်က ဆောက်သမ်တန် အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး အာဆင်နယ် အသင်းကို ၂၀၀၆ခုနှစ်မှာမှ ပြောင်းရွှေ့ကြေး ပေါင် ၅သန်းနဲ့ ရောက်ရှိခဲ့တာပါ။

ဆောက်သမ်တန်အသင်းကတော့ ယခုနှစ် ပရီးမီးယားလိဂ်မှာ ၁၃ပွဲကစား ၇ပွဲနိုင် ၃ပွဲသရေ ၃ပွဲရှုံးပြီး ရမှတ်၂၄ မှတ်ရရှိ ထားကာ အဆင့် ၃မှာရပ်တည်နေပါတယ်

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က