ပုံမှန် လူစားလဲခွင့်ရထားတဲ့ ၃ကြိမ်ကို မထိခိုက်ဘူးလို့ သိရပါတယ်။

ပုံမှန် လူစားလဲခွင့ပေးထားတဲ့ ၃ဦးအရေအတွက်ကို ထိခိုက်စေမှာမဟုတ်ပဲ အရေးပေါ် လူစားလဲမှုထပ်မံ ပြုလုပ်လို့ရ မှာ ဖြစ်ပြီး ပြိုင်ဖက်အသင်းဖက်လည်း မနစ်နာအောင် တစ်ချိန်တည်းမှာ လူစားလိုက်ပါ လဲလှယ်ခွင့်ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလကစတင်ပြီး ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာ ပြင်းထန်စွာ ထိခိုက်မှုတွေအတွက် ကစားသမား အရေးပေါ် အစား ထိုးကစားခွင့်ကို စတင်ကျင့်သုံးတော့မယ်လို့ သိရပါတယ်။



ဒီအဆိုကိုတော့ ပရီးမီးယားလိဂ်ရဲ့ ဥပဒေပြုရေးအဖွဲ့များ၊နိုင်ငံတကာ ဘောလုံးဘုတ်အဖွဲ့ဝင်များအသင်း၊တို့က ၂၀၂၁ ခုနှစ်က စတင်ကျင့်သုံးဖို့ သဘောတူညီခဲ့တာပါ။

ဒီစည်းမျဥ်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပုံမှန် လူစားလဲမှု ၃ကြိမ် ပြုလုပ်အပြီးမှာ အသင်းရဲ့ ကစားသမားတစ်ဦး ဘောလုံး ဘယ်လိုမှ ဆက်လက် ကစားလို့ မရတော့လောက်အောင် ထိခိုက်ခဲ့ရင် အခြားကစားသမားတစ်ဦးနဲ့ အစား ထိုးခွင့်ရရှိရေး ဖြစ်ပါတယ်။

ဒီအချက်က လူစားလဲခွင့်ရတဲ့အသင်းအပေါ် ပြိုင်ဖက် အသင်းဖက် မကျေမနပ် မဖြစ်ရအောင်လည်း ဒဏ်ရာကြောင့် တစ်ဖက်အသင်း လူစားလဲခွင့်ရတဲ့အချိန်မှာ မိမိအသင်းအနေနဲ့လည်း စိတ်ကြိုက် လူတစ်ဦးကို တစ်ချိန်တည်းမှာ လဲခွင့် ရရှိမယ်လို့ ပါရှိပါသေးတဘ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေကတော့ လူစားလဲမှု ၅ဦးတိုးမြှင့်ပေးဖို့ အဆိုကို တတိယ အကြိမ် အဖြစ် ဆက်လက် ထောက်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေအနေနဲ့ ပြိုင်ပွဲဇယား ရေးဆွဲထားမှုအရ ၃ရက်တစ်ပွဲနှုန်း ကစားနေရလို့ ပွဲပန်းမှုဒဏ် ကို ကစားသမားတွေ သိသိသာသာခံစားနေရပြီး ဒဏ်ရာရရှိမှုတွေလည်း မြင့်တက်နေပါတယ်။

ပရီးမီးယားလိဂ်ကတော့ အရေးပေါ် လူစားလဲမှုကိုသာ သဘောတူညီခဲ့ပြီး ဒီအခွင့်အရေးကို ကလပ်အသင်းတစ်သင်းဟာ တစ်ပွဲတည်းမှာ ၂ကြိမ်အထိ အများဆုံး အသုံးပြုနိုင်မှာ ဖြစ်ပြီး ပြိုင်ဖက်အသင်းဟာလည်း အလားတူ အခွင့်အရေးမျိုး တစ်ချိန်တည်းမှာ လဲခွင့်ရမှာ ဖြစ်ပါတယ်။

ဒီအခွင့်အရေးဟာ လူစားလဲမှု ၃ဦးမပြည့်ခင်မှာ နည်းဗျူဟာကြောင့် မဟုတ်ပဲ ကစားသမားတစ်ဦး ပြင်းထန်စွာ ထိခိုက်မိလို့ မဖြစ်မနေ လူစားလဲရတဲ့ အရာ အပေါ်မှာ မူလ လူစားလဲခွင့်ရတဲ့ ၃ဦး အရေအတွက် လျော့သွားမှာ မဟုတ်ဘူးလို့လည်း သိရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က