ဇန်နဝါရီလ ၄ရက်နေ့ မတိုင်ခင်အတွင်း ပြန်လည်ထုချေခွင့်ရှိနေပါတယ်။

ဆောက်သမ်တန်ကို ၃-၂နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ စာသားကြောင့် အက်ဖ်အေရဲ့ တရားစွဲဆိုခြင်းကို ခံရတာပါ။

လူမှုကွန်ရက်မှာ နားလည်မှု လွဲမှားစေတဲ့ စာသားတချို့ ရေးသားဖော်ပြခဲ့မိတဲ့ ယူနိုက်တက် တိုက်စစ်မှူးကာဗာ နီကို အက်ဖ်အေက တရားစွဲဆိုလိုက်ပါပြီ။



လူမျိုးရေးခွဲခြားသလို သဘောပေါက်စေခဲ့တဲ့ စပိန်ဘာသာစကား စာသားတချို့ ရေးသားဖော်ပြခဲ့တယ်ဆိုပြီး တရားစွဲခံခဲ့ရတာပါ။

အဆိုပါ စာသားကိုတော့ ကာဗာနီဟာ ဆောက်သမ်တန်ကို ၃-၂နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ရေးသားဖော်ပြခဲ့တာ ပါ။

ဒါပေမယ့် အဆိုပါစာသားဟာ ခွန်အားဖြစ်စေခဲ့တဲ့ မိတ်ဆွေတစ်ဦးကို ကျေးဇူးတင်ကြောင်း ရေးသားခြင်းသာ ဖြစ်တယ်လို့ ကာဗာနီက ပြန်လည်တုံ့ပြန်ပါတယ်။

ဒါ့အပြင် အဆိုပါပို့စ်ကို ချက်ခြင်း ပြန်ဖျက်ခဲ့တာက ကာဗာနီကို မယုံသင်္ကာ ဖြစ်စေခဲ့တာလည်း ဖြစ်စေပါ တယ်။

“ဘယ်သူ့ကိုမှ မစော်ကားလိုပါဘူး၊ကျွန်တော်ကိုယ်တိုင်ကလည်း လူမျိူးရေးခွဲခြားမှုကို ဆန့်ကျင်သူတစ်ဦးပါ။ စာကိုဖျက်လိုက်တာကလည်း အဓိပ္ပာယ်ကောက်ယူမှု လွဲမှားနိုင်တယ်ဆိုတာကို သိခဲ့လို့ ဖျက်လိုက်ရတာပါ။” လို့ ကာဗာနီက ပြောခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အက်ဖ်အေကတော့ ကာဗာနီကို တရားစွဲဆိုမှု ပြုလုပ်ခဲ့ပြီး ပွဲပယ်(သို့)ဒဏ်ငွေ ပေးဆောင်ရဖို့ ရှိနေပါတယ်။

“အက်ဖ်အေရဲ့ ဥပဒေပုဒ်မ(င)၃အရ နိုဝင်ဘာလ ၂၉ရက်နေ့က လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ပို့စ်ဟာ လက်မခံနိုင်စ ရာ ဖြစ်ပါတယ်။အဆိုပါ စာသားဟာ စော်ကားခြင်း၊အလွဲသုံးစားလုပ်ခြင်း၊မလျော်ကန်ခြင်း၊ပြိုင်ပွဲကို အရှက်ရ စေခြင်း စတဲ့ အချက်တစ်ချက်ချက်နဲ့ ငြိစွန်းနေစေတယ်လို့ ယူဆပါတယ်။”လို့ အက်ဖ်အရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အက်ဖ်အေရဲ့ တရားစွဲဆိုမှုကို ဇန်နဝါရီလ ၄ရက်နေ့ မတိုင်ခင်အထိ ကာဗာနီအနေနဲ့ ပြန်လည် ထုချေပိုင်ခွင့် ရှိ နေပါတယ်။

ယူနိုက်တက်အသင်းကတော့ ကာဗာနီရဲ့ ပို့စ်ဟာ မကောင်းတဲ့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ဘူးလို့ ကစားသမား ဖက်က ထောက်ခံပေးထားပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာတော့ ကလပ်အသင်းရော ကစားသမားပါ အက်ဖ်အေရဲ့ စွဲချက်ထဲမှာ ပါဝင်နေပြီး ပြန်လည်ထုချေဖို့ လုပ်ဆောင်ရပါတော့မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က