အဖေ့ခြေရာနင်းဖို့ ယူနိုက်တက်ကိုရောက်လာပြီလို့ မီဒီယာတွေဖော်ပြကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ဂန္တဝင်ကစားသမား ဝိန်းရွန်နီရဲ့သား ကိုင်ဝိန်းရွန်နီကို အဖေ့ခြေရာနင်းနိုင်ဖို့အတွက် စာချုပ်ခေါ်ယူခဲ့ပါပြီ။

ဒီသတင်းကို ဝိန်းရွန်နီက သူ့ရဲ့တွစ်တာနဲ့ အင်စတာဂရမ်အကောင့်တွေမှာတင်ခဲ့တာဖြစ်ပြီး အင်္ဂလန်မီဒီယာတွေရဲ့ဖော်ပြချက်အရတော့ အသက်(၁၁)နှစ်အရွယ် ကိုင်ဝိန်းရွန်နီကို မန်ချက်စတာယူနိုက်တက်အကယ်ဒမီအတွက်ခေါ်ယူခဲ့တာလို့သိရပါတယ်။ "ဂုဏ်ယူစရာနေ့မှာ..မန်ချက်စတာယူနိုက်တက်နဲ့ကိုင် စာချုပ်လိုက်ပါပြီ။ ကြိုးစားမှုမလျော့လိုက်နဲ့သားရေ" လို့ ရွန်နီကရေးသားဖော်ပြထားပါတယ်။ ဝိန်းရွန်နီနဲ့ ကောလင်းတို့ရဲ့သားအကြီး ကိုင် ဟာ ၁၀နှစ်သားအရွယ်တုန်းက မန်ချက်စတာစီးတီးဘောလုံးအကယ်ဒမီမှာဘောလုံးပညာသင်ကြားမှုလုပ်ခဲ့ပေမယ့် အခုတော့ အဖေ့ခြေရာနင်းဖို့ ယူနိုက်တက်ကိုရောက်လာပြီလို့ မီဒီယာတွေဖော်ပြကြပါတယ်။ 



ယူနိုက်တက်ရဲ့ဂန္တဝင်တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့သူ ဝိန်းရွန်နီဟာ ၂၀၀၄ဘောလုံးရာသီမှာ အဲဗာတန်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကြေးပေါင် ၂၇သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၃နှစ်ကြာအသင်းအတွက်ပေးဆပ်ကစားခဲ့ပါတယ်။ ထိုစဉ်က ဝိန်းရွန်နီရဲ့ပြောင်းရွှေ့ကြေးက ကမ္ဘာ့ဘောလုံးသမိုင်းမှာ တန်ကြေးအမြင့်ဆုံးလူငယ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်း ဝိန်းရွန်နီရဲ့၁၃နှစ်တာ မန်ချက်စတာယူနိုက်တက်ခရီးရှည်မှာ ပွဲပေါင်း ၅၀၀ကျော်၊သွင်းဂိုးပေါင်း ၂၅၃ဂိုးနဲ့ ပရီးမီးယားလိဂ်ဆုဖလား ၅ကြိမ်အပါအဝင် ဆုဖလား ၁၆လုံးရယူနိုင်ခဲ့တဲ့မှတ်တမ်းရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က