အဆင့် ၁၅မှာ ဆိုးရွားစွာ ရပ်တည်နေပါတယ်။

နောက်ဆုံး လိဂ် ၁၀ပွဲမှာ ၂ပွဲသရေ ၈ပွဲရှုံးပြီး နိုင်ပွဲလုံးဝမရှိထားကာ တန်းဆင်းဇုန်က အသင်းထက်လည်း ၄မှတ်သာ အသာနဲ့ အဆင့် ၁၅မှာ ရပ်တည်နေပါတယ်။

ရာသီအကုန်မှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်လိမ့်မယ်လို့ သိပ်မသေချာတော့ဘူးလို့ အင်္ဂလန်နဲ့ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ထုတ်ဖော်ပြောလာပါပြီ။



အာဆင်နယ်အသင်းကတော့ အဲဗာတန်အသင်းကို ၂-၁ဂိုးနဲ့ ထပ်မံ အရေးနိမ့်ခဲ့ပြီး ၁၉၇၄-၇၅ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပါတယ်။

လိဂ် ၁၄ပွဲမှာ ၈ပွဲအထိ ရှုံးပွဲကြုံပြီး အဆင့် ၁၅မှာ ဆိုးရွားစွာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်း တန်းတင် ကျန်ရစ်ပါ့မလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ - “ကျွန်တော်ကတော့ သိပ်မသေချာချင်တော့ပါဘူး၊ဒါကလည်း ပွဲထွက်လူစာရင်းနဲ့ မဆိုင်ဘူးဗျ၊သူတို့ရဲ့ အတွေးအခေါ်တွေနဲ့ပဲ သက်ဆိုင်တာပါ။"လို့ အလန်ရှီးယားက ပြောပါတယ်။

အဲဗာတန်နဲ့ရှုံးပွဲဟာ အာဆင်နယ်အတွက်တော့ နောက်ဆုံး လိဂ် ၁၀ပွဲမှာ ၂ပွဲသရေ ၈ပွဲအထိ ရှုံးနိမ့်ထားကာ တန်းဆင်း ဇုန်ထက်လည်း ၄မှတ်သာ သာနေပါတော့တယ်။

ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ ဂိုးသွင်းစွမ်းရည်ဟာလည်းသိသိသာသာ ကျဆင်းလာတာတွေ့ရပြီး နောက်ဆုံးပြိုင်ပွဲစုံ အဝေးကွင်း ၅ပွဲဆက်မှာ ပင်နယ်တီဂိုးတွေသာ သွင်းယူထားနိုင်တာပါ။

“သိပ်ကြောက်စရာကောင်းနေပါပြီ၊ဖန်တီးနိုင်စွမ်းမရှိ၊တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ကစားနိုင်ခြင်းမရှိ၊ပြင်းပြင်းထန်ထန်ကြိုး စားခြင်းမရှိ၊အခုကစားသွားတဲ့ အဲဗာတန်နဲ့ပွဲမှာဆိုလည်း တန်ဖိုးကြီး ကစားသမားဖြစ်တဲ့ ပေပေဟာ ၁၈ကိုက်စည်းအတွင်း ဂိုးသွင်းဖို့ ပြင်ဆင်ထားခြင်း လုံးဝမရှိတာတွေ့ရပါတယ်။လမ်းလျှောက်နေပါတယ်။ကစားသမားအချို့ဟာ နည်းပြကို အပြည့် အဝမပေးဆပ်တာလည်း တွေ့မြင်နေရပါတယ်။”လို့ ရှီးယားက ဆက်လက်ပြောပါတယ်။

နည်းပြ အာတီတာကလည်း ကစားသမားတွေအကြား ရင်ဆိုင်နေရတဲ့ ပြဿနာ ကြီးမားနေတယ်လို့လည်း ဝန်ခံထားပါ သေးတယ်။

အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ်မှာ ၃၂သင်းအဆင့် တက်ရောက်ထားနိုင်ပြီ ဖြစ်ပေမယ့် လိဂ်မှာတော့ အခြေအနေ မလှပဲ တန်းဆင်းရဖို့ နီးနီးထိကို ရှိနေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က