အာဆင်နယ်အသင်းဟာ ၁၄ပွဲကစားအပြီး အဆင့် ၁၅မှာ ရှိနေပါတယ်။

ရလဒ်ကောင်း အမြန်ဆုံး မဖန်တီးနိုင်ပါက ၎င်းရဲ့ နည်းပြရာထူးဟာလည်း မတည်မြဲနိုင်လောက်ဘူးလို့ အာတီတာက ယုံကြည်နေပါပြီ။

အာဆင်နယ်အသင်းရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ ဖြေရှင်းဖို့ မဖြစ်နိုင်တော့မယ့် အလားအလာမှာ ရှိနေပြီလို့ အဲဗာတန်အသင်းကို ၂-၁ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နည်းပြ အာတီတာက ဝန်ခံ ပြောလာပါတယ်။



အဲဗာတန်ကို ရှုံးလိုက်လို့ အာဆင်နယ်အသင်းဟာ ၁၉၇၄-၇၅နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေပြီး အဆင့် ၁၅မှာ ရပ်တည်နေပါတယ်။

အာတီတာအနေနဲ့ အာဆင်နယ်အသင်းကို စတင် ကိုင်တွယ်ချိန်မှာ အောင်မြင်မှု အနည်းငယ်ရရှိခဲ့ပြီး အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ သိသိသာသာ ခြေစွမ်းကျဆင်းနေပါတယ်။

“ပွဲကို ပြန်ပြီး ဆန်းစစ်လိုက်တဲ့အခါမှာ ကွာဟမှု ကျဥ်းမြောင်းပါတယ်။အဲ့ဒီကွာဟနေတာကို အမြန်ဆုံး ဖာထေးနိုင်ဖို့ပဲ လုပ် ဆောင်ရပါမယ်။ဒါပေမယ့် လက်ရှိအခြေအနေက ကိုင်တွယ်ဖို့ ခက်နေပါပြီ။ရှုံးနိမ့်မှုနဲ့အတူ အလွန်အမင်းစိတ်ပျက်ရပါ တယ်။ကံကောင်းမှုကြီးကြီးမားမားလည်းလိုနေပါပြီ။”လို့ အာတီတာက ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံး လိဂ် ၁၀ပွဲမှာ ၂ပွဲသရေ ၈ပွဲရှုံးထားပြီး နောက်ပိုင်းပွဲတွေမှာလည်း ကိုယ့်ဂိုးကိုယ်သွင်း တာနဲ့ အနီကဒ်ပြစ်ဒဏ်တွေဟာ စိပ်လာခဲ့ပါတယ်။

“သိပ်မကောင်းတဲ့ခံစစ်တစ်ခုကိုတောင် ၁၅ကြိမ်လောက် အခွင့်အရေးမဖန်တီးနိုင်ပါဘူး။ဒါက ပုံမှန်တော့မဟုတ်ပါဘူး။ ဒီနေ့မှာလည်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတာက အရှုံးဖြစ်စေခဲ့ပါတယ်။တစ်ချိန်တည်းမှာ ဖြစ်ပျက်သွားတဲ့ အရာတွေက များ လွန်းပါတယ်။”လို့လည်း အာတီတာက ဆိုပါသေးတယ်.

တဆက်တည်းမှာပဲ ရလဒ်ကောင်းတစ်ခုကို အမြန်ဆုံး ပုံမဖော်နိုင်ပါကသူ့ရဲ့ ရာထူးဟာလည်း အခြေအနေမကောင်းဘူးလို့ အာတီတာက ဝန်ခံခဲ့ပါသေးတယ်။

အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းခေါင်း အူဘာမီယန်း မပါဝင်ခဲ့တာဟာလည်း ခြေသလုံး ကြွက်သား ဒဏ်ရာရရှိနေတာ ကြောင့်လို့ နည်းပြ အာတီတာက ဆက်လက်ရှင်းပြခဲ့ပါတယ်။

လာမယ့် ၂၇ရက်နေ့မှာ လန်ဒန်ဒါဘီပွဲအဖြစ် ချဲလ်ဆီးအသင်းကို အိမ်ကွင်းဧည့်ခံ ကစားဖို့ရှိနေပြီး အဆိုပါပွဲက အာဆင်နယ် နဲ့ အာတီတာရဲ့ အဆုံးအဖြတ်ပွဲဖြစ်လာမလားဆိုတာကတော့ ....။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က