မိနစ်အတွင်း ၂ဂိုးသွင်းပြပြီး ပရီးမီးယားလိဂ်မှာ စံချိန်တင်ပြခဲ့တာပါ။

တော်မီနေးကတော့ ယခုနှစ် ပရီးမီးယားလိဂ် ၁၁ပွဲပါဝင်ထားရာမှာ လိဒ်နဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ၂ဂိုးစတင်သွင်းယူပြနိုင်ခဲ့တာပါ။

လိဒ်ယူနိုက်တက်အသင်းကို ၆-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ တော်မီ နေးကတော့ ဒဏ်ရာကြောင့် ပြန်နားရဖို့ရှိတယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုပြောခဲ့ပါတယ်။



တော်မီနေးအနေနဲ့ ပွဲအစ ၃မိနစ်အတွင်းမှာ ၂ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၃မိနစ်အတွင်း၂ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာပါတယ်။

ဒါပေမယ့်လည်း ပေါင်ခြံဒဏ်ရာကြောင့် ပွဲပြီးခါနီးမှာ ဆက်မကစားနိုင်တော့ပဲ လူစားလဲမှုကလည်း ပြည့်နေလို့ ဘေးထွက်ထိုင်နေခဲ့ရတာပါ။

“မြင်ရတာတော့ ပေါင်ခြံ ဒဏ်ရာပါပဲ၊သိပ်မကြာပါစေနဲ့ပဲ မျှော်လင့်ပါတယ်။ဒီမတိုင်ခင်မှာတော့ အခြား ကြွက်သား ဒဏ်ရာ တစ်စုံတရာလည်း မရထားပါဘူး။ဘယ်လောက်မြန်မြန်မာ ပြန်ကောင်းလာမလဲတော့ မခန့်မှန်းတတ်ပါ ဘူး။”လို့ ဆိုးလ်ရှားက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

တော်မီနေးအနေနဲ့ ကွင်းလယ်လူ ဖြစ်သည့်တိုင် တိုက်စစ်မှာလည်း အကောင်းဆုံး ကစားပြီး ဂိုးသွင်းနိုင်ကြောင်း သက်သေပြလိုက်တာလို့ ဆိုးလ်ရှားက ဆိုပါသေးတယ်။

“သူ အားလုံးကို လုပ်နိုင်စွမ်းရှိပါတယ်။တိုက်စစ်မှူးအဖြစ် ထားကစားလည်း အဆင်ပြေပါတယ်။ဂိုးသွင်းနိုင်တယ် ဆိုတာ ဒီနေ့ပွဲမှာ သက်သေပြခဲ့တာပါပဲ”လို့ ဆိုးလ်ရှားက ပြောခဲ့ပါသေးတယ်။

တော်မီနေးကတော့ ယခုနှစ်မှာ ပရီးမီးယားလိဂ် ၁၁ပွဲပါဝင်ထားနိုင်ရာမှာ လိဒ်နဲ့ပွဲက သွင်းဂိုး၂ဂိုးက ပထမဆုံး လိဂ် သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

အသက် ၂၄နှစ်သာရှိသေးပြီး မြင့်မားတဲ့ အရပ်အမောင်းကြောင့် ကွယ်လယ်ဗဟိုမှာ အကောင်းဆုံး ကစားနေနိုင်သလို ယခုအခါ တိုက်စစ်မှူးအဖြစ် ထားကစားလည်း အဆင်ပြေကြောင်း သက်သေပြသနိုင်ခဲ့တယ် လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ ပေါင်ခြံဒဏ်ရာကြောင့် ဘယ်‌လောက် နားရမလဲဆိုတာကိုတော့ ဆိုးလ်ရှားက အတည်မပြုပေးနိုင် ခဲ့သလို ယူနိုက်တက်အသင်းကလည်း ထုတ်ပြန်ပေးလာနိုင်ခြင်း မရှိသေးပါဘူး။

Share

Loading Next Article...
က္က