ကစားသမားတွေကို လစာ ၂၅ရာခိုင်နှုန်း ဖြတ်တောက်မယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်က အသင်းထက် ၄မှတ်သာ အသာရနေတော့ပြီး ယခုအခါ တန်းဆင်းသွားရင် ကစားသမားတွေကို လစာဖြတ်တောက်ဖို့အထိ ပြင်ဆင်ထားလာတာပါ။

ပရီးမီးယားလိဂ်ကနေ တန်းဆင်းရပါက အာဆင်နယ် ကစားသမားများ လစာအကြီးအကျယ် ဖြတ်တောက်ခံရဖို့ ရှိနေတယ်လို့ Daily Mail ကဖော်ပြလာပါတယ်။



လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားတွေဟာ လစာရဲ့ ၂၅ရာခိုင်နှုန်းအထိ လျော့ချခြင်း ခံရမှာ ဖြစ်ပြီး လက်ရှိ မှာတော့ အသင်းက အဆင့် ၁၅မှာ ရပ်တည်နေပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ အစဥ်အလာ အင်အားကြီး ၆သင်းစာရင်းဝင် တစ်သင်းဖြစ်တာကြောင့် လည်း နှစ်လယ်မှာ အဆင့်တစ်ခု ပြန်ရောက်လာပြီး ချန်ပီယံလိဂ်ဝင်ခွင့်တွေ ပြန်လည်ရရှိနိုင်ဖို့အထိ မျှော်လင့် နိုင်ပါသေးတယ်။

ဒါပေမယ့်လည်း ဆိုးရွားလွန်းလှတဲ့ ခြေစွမ်းနဲ့ ရပ်တည်မှုကြောင့် လက်ရှိအချိန်မှာ တန်းဆင်းရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းရဲ့ နှစ်စဥ် လုပ်အားခ ရှင်းတမ်းဟာ ပေါင် သန်း ၁၅၀နှင့်အထက်မှာရှိနေပါတယ်။

တန်းဆင်းရပါက ကစားသမားအားလုံး ၂၅ရာခိုင်နှုန်း ဖြတ်တောက်ခံရဖို့ ရှိမရှိ မသေချာသေးပေမယ့် ကစားသမား အချို့ကတော့ သေချာပေါက် လစာဖြတ်တောက်ခံရမှာပါ။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်က အသင်းထက် ၄မှတ်သာ အသာရနေပြီး နောက်ဆုံး လိဂ် ၇ပွဲဆက်မှာ ၂မှတ်သာရထားပါတယ်။

စစ်တမ်းများအရတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးနောက်ပိုင်း တစ်ကြိမ်မျှ တန်းဆင်းခဲ့ဖူးခြင်း မရှိလို့ ယခုနှစ်မှာ တန်းဆင်းရပါက ပထမဆုံးအကြိမ် တန်းဆင်းရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က