အဓိက ကစားသမားပေါ့ဂ်ဘာ အသင်းပြောင်းတော့မယ်လို့ သတင်းကြီးနေတာပါ။

အဓိက ကွင်းလယ်လူ ပေါ့ဂ်ဘာ အပါအဝင် အခြားကစားသမားတွေရဲ့ ကြားမှာ မတူညီတာတွေရှိနေသည့်တိုင် အောင်မြင်ချင်တာကတော့ အားလုံးရဲ့ တူညီတဲ့ ဆန္ဒပါလို့ ဆိုးလ်ရှားက ပြောခဲ့ပါသေးတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကတော့ အသင်းက ကစားမားတွေကို ဆက်လက်ထိန်း သိမ်းဖို့အတွက် ဆုဖလားတွေ ရရှိဖို့ အရေးကြီးတယ်လို့ ထုတ်ဖော်ပြောလာပါတယ်။



ဒါ့အပြင် အသင်းကနေ ထွက်မယ် တကဲကဲ ဖြစ်နေတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်စိတ်မရှိပဲ ကစားသမားအနေနဲ့ ယူနိုက်တက်အသင်းနှင့်အတူ ဆုဖလားတွေအတွက် တိုက်ပွဲဝင်သွားလိမ့်မယ် လို့ ယုံကြည်ထားပါတယ်။

ပေါ့ဂ်ဘာကတော့ ဂျူဗင်တပ်အသင်းကနေ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာတဲ့ ၂၀၁၆ခုနှစ်က စတင်ပြီး ယ နေ့အချိန်အထိ အသင်းမှာ အထိုင်မကျနိုင်ပဲ ရှိနေခဲ့သူပါ။

ဒါ့အပြင် ဂျူဗင်တပ်အပါအဝင် ရီးရဲအသင်းကလည်း ခေါ်ယူလိုချင်စိတ်ရှိနေတာကြောင့် ကမ္ဘာ့ဖလား ပိုင်ရှင် အနေနဲ့ ဒွိဟ ဖြစ်နေခဲ့ပါတယ်။

ယခုနှစ်မှာတော့ ခြေစွမ်းကောင်းမွန်စွာ ပြသထားနိုင်ခြင်း မရှိပဲ ၁၆ပွဲမှာ တစ်ဂိုးသာသွင်းကာ ၃ကြိမ်သာ ဖန်တီး ပေးထားနိုင်ပါတယ်။

ဒီအချိန်မှာ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ယူနိုက်တက်နဲ့ သူ့ကစာသမားအကြား ရာသီကုန်ရင် ပြီးဆုံးပြီလို့ ပြောလာပါတယ်။

“ယူနိုက်တက်အတွက် အမြဲတမ်း ဆုဖလား လိုအပ်ချက် ရှိနေပါတယ်။ဒါကြောင့် ဆုဖလားတွေ ကျွန်တော်တို့ ပိုင် ဆိုင်နိုင်ရင် ကစားသမားတွေက အသင်းမှာ နေချင်သလို လာချင်ကြမှာပါ။ဒါကပဲ ကစားသမားတွေရဲ့ တကယ့် လိုအပ်ချက်ပါ၊ကစားသမားတွေ စိန်ခေါ်မှုကတော့ ပိုကောင်းကောင် အမြဲတမ်း ပိုကောင်းအောင် ကြိုးစားနေဖို့ပါ။ ပေါလ်က အခု အသင်းမှာရှိနေပါတယ်၊ နောက်ထပ် ဆုဖလားတွေ ပိုင်ဆိုင်ချင်ပါသေးတယ်။သူလည်း အသင်းမှာ အကောင်းဆုံး လေ့ကျင့်ခန်း လုပ်‌ဆောင်နေပြီး အောင်မြင်ချင်ပါတယ်။အားလုံးရဲ့ မတူညီမှုတွေ ရှိနေရင်တောင် အောင်မြင်ချင်တာကတော့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။”လို့ ဆိုးလ်ရှားက ESPN သတင်းဌာနကိုပြောပါတယ်။

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာအပါအဝင် အခြားကစားသမားတွေအသင်းက ထွက်ခွာ သွားမယ် မသွားဘူးဆိုတာ အသင်းရဲ့ အောင်မြင်မှုအပေါ်မှာသာ မူတည်နေတယ်လို့ ဆိုးလ်ရှားက ယုံကြည်ထားတာပါ။

လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ်မှာ ၂၆မှတ်နဲ့ အဆင့် ၃နေရာမှာ ရပ် တည်နေပြီး ယနေ့ည မှာလည်း အဲဗာတန်အသင်းနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဥ်ကို ကစားရပါမယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် က ထွက်ခဲ့ရပေမယ့် ယူရိုပါလိဂ်မှာ ၃၂သင်းအဆင့်ကို ကစားခွင့်ရရှိထားပါသေးတယ်။

Share

Loading Next Article...
က္က