ချဲလ်ဆီးနဲ့ ကစားရမယ့် လန်ဒန်ဒါဘီပွဲအတွက် အဓိက ကစားသမားတွေကို လက်လွှတ်ထားရပါမယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းကတော့ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲကစားဖို့ ရှိနေပြီး ဒီပွဲအတွက် အဓိက ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်း ပါဝင်ဖို့ မသေချာသလို ပါတေးကတော့ ပါဝင်ဖို့ လုံးဝမဖြစ်နိုင်သေးဘူး လို့ သိရပါတယ်။

အာဆင်နယ် အသင်းဟာ လန်ဒန်ဒါဘီပွဲစဥ်တစ်ပွဲအဖြစ် ချဲလ်ဆီးအသင်းကို အီးမရိတ်မှာ ထပ်မံ ဧည့်ခံ ကစားရ ပါဦးမယ်။



ဒီပွဲမတိုင်ခင် ကစားထားတဲ့ မန်စီးတီးနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲမှာလည်း အာဆင်နယ်အသင်းဟာ ၄-၁ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း ၁၄ပွဲကစားထားရာမှာ ၈ပွဲအထိ အရေးနိမ့်ထားလို့ အဆင့် ၁၅မှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်ရပ်တည်နေရပါတယ်။

ဒါကြောင့် နည်းပြချုပ်ဖြစ်တဲ့ အာတီတာမှာ ဖိအားများစွာ ရှိနေပေမယ့် အသင်းရဲ့ တာဝန်ရှိသူတွေကတော့ အာတီ တာကို ဆက်လက်ထောက်ခံနေဆဲပါ။

ဒီအခြေအနေမှာ ချဲလ်ဆီးအသင်းနဲ့ပွဲဟာ အာတီတာအတွက် ကောင်းမွန်တဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင် မယ်လို့ ယုံကြည် နေသူတွေ ရှိနေပါတယ်။

ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲမှာတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အသင်းခေါင်းဆောင် အူဘာမီယန်း ပါဝင်ဖို့ မသေ ချာ မရေရာ ဖြစ်နေရပါတယ်။

ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာလည်း ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် မပါဝင်ထားနိုင်ခဲ့သလို ယခုပွဲမှာလည်း ပါဝင် နိုင်ဖို့ မသေချာ ဖြစ်နေတာပါ။

“တတ်နိုင်သလာက် ကြံ့ခိုင်မှုအကောင်းဆုံး ပြန်ရအောင် အူဘာအနေနဲ့ ဆေးအဖွဲ့နဲ့ အပြင်းအထန် ကြိုးစားနေပါ တယ်။ သူအခု အပြင်လေ့ကျင့်ခန်းတွေကို ကောင်းမွန်စွာ လုပ်ဆောင်နေနိုင်ပါပြီ။စနေနေ့မတိုင်မီ အကောင်းဆုံး အနေအထားရှိမရှိ ဆက်လက် စောင့်ကြည့်သွားရပါမယ်။”လို့ အာတီတာက ပြောခဲ့ပါတယ်။

အခုလို အူဘာမပါဝင်နိုင်ချိန်မှာ နောက်ထပ် အားထားရတဲ့ ကွင်းလယ်လူ ပါတေးကလည်း ပေါင်ခြံဒဏ်ရာရနေပြီး မပါဝင်နိုင်ပြန်ပါဘူး။

စပါးကို ၂-၀နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး - “ သောမတ်စ်အနေနဲ့ အခုချိန်မှာတော့ အသင်းနဲ့ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ဒါပေမယ့် ဘောလုံးနဲ့တော့ အနီးကပ် လေ့ကျင့်နေနိုင်ပါပြီ။”လို့ အာဆင်နယ်အသင်းက တရားဝင် ထုတ်ပြန်ပေးထားပါတယ်။

အခြားကွင်းလယ်လူတစ်ဦးဖြစ်သူ ဇာခါကလည်း အနီကဒ်ပြစ်ဒဏ်ကြောင့် ၃ပွဲပယ်ခံထားရပေမယ့် လူငယ် တိုက်စစ်မှူးလေး မာတီနယ်လီကတော့ မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တယ်ဆိုပေမယ့် ကြံ့ခိုင်မှု ပြန်လည်ရရှိ နေဖို့ ရှိနေပါတယ်။

အာတီတာအတွက်တော့ လန်ဒန်ဒါဘီဟာ ထပ်မံ ရင်ဆိုင်ရမယ့် မုန်တိုင်းတစ်ခုဖြစ်ပြီး ဒီမုန်တိုင်းနှင့်အတူ လွင့်စင် သွားမလား မုန်းတိုင်းကို အကောင်းဆုံး အံတုပြီး ရင်ဆိုင်ကျော်လွှားပြနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်‌းနေ ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က