အသင်းဥက္ကဌအဖြစ် တာဝန်ယူသွားတော့မှာပါ။
Pyae Phyo Thein

လူးဝစ္စဒရေးဖပ်စ်ဟာ မာဆေးလ်အသင်းပိုင်ရှင်ဟောင်းဖြစ်တဲ့ ရောဘတ်ရဲ့ သားဖြစ်ပြီး လာမယ့်နှစ်သစ်မှာ ဆန်းဒါးလန်းအသင်းရဲ့ ဥက္ကဌအဖြစ် တာဝန်ယူတော့မှာလည်းဖြစ်ပါတယ်။


ဆန်းဒါးလန်းအသင်းဟာ အသက် ၂၂နှစ်အရွယ်သာရှိသေးတဲ့ သန်းကြွယ်သူဌေး လူးဝစ္စဒရေးဖပ်စ်ရဲ့ လက်အောက်ကို ကျရောက်သွားခဲ့ပြီလို့ သိရပါတယ်။ ဒရေးဖပ်စ်ကို လက်လွှဲရောင်းချဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ အင်္ဂလန်လိဂ် (၁) အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အသင်းကို အလုံးစုံထိန်းချုပ်ထားတဲ့ စတီးဝပ်ဒေါ်နယ်ဆီက လက်လွှဲယူသွားတေ့ာမှာဖြစ်ပါတယ်။

လူးဝစ္စဒရေးဖပ်စ်ဟာ မာဆေးလ်အသင်းပိုင်ရှင်ဟောင်းဖြစ်တဲ့ ရောဘတ်ရဲ့ သားဖြစ်ပြီး လာမယ့်နှစ်သစ်မှာ ဆန်းဒါးလန်းအသင်းရဲ့ ဥက္ကဌအဖြစ် တာဝန်ယူတော့မှာလည်းဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ အသင်းအရောင်းအဝယ်ပြုလုပ်မှုကို EFL ဆီ တင်ပြထားပြီး အတည်ပြုပေးဖို့သာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။ 

ဒရေးဖပ်စ်မိသားစုဟာ စီးပွားရေးလုပ်ငန်းတွေအဖြစ် စိုက်ပျိုးရေး၊ အစားအစာထုတ်လုပ်ရောင်းချမှု၊ နိုင်ငံတကာသင်္ဘောလိုင်း နဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ သူတို့မိသားစုဟာ ၁၉၉၆ ခုနှစ်မှာ မာဆေးလ်အသင်းရဲ့ အဓိကရှယ်ယာဝင်တွေဖြစ်လာခဲ့ပြီး အသင်းကို အပြည့်အဝထိန်းချုပ်ခွင့်ကို ရယူနိုင်ခဲ့ကာ သူတို့လက်ထက်မှာ မာဆေးလ်က ယူရိုပါလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ်တိုင်တိုင်တက်ရောက်နိုင်ခဲ့ပါတယ်။

၂၀၁၆ မှာတော့ သူတို့က အသင်းကို လက်လွှဲပြန်လည်ရောင်းချခဲ့ပါတယ်။ လူးဝစ္စဒရေးဖပ်စ်ကတော့ သူတို့မိသားစုက မာဆေးလ်ကို ပိုင်ဆိုင်နေချိန်အတွင်း အသင်းအိမ်ကွင်းပွဲစဉ်တိုင်းကို ပုံမှန်ကြည့်ရှူလေ့ရှိကာ အားကစားကို အလွန်အမင်းဝါသနာပါသူလို့ လူသိများကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဆန်းဒါးလန်းကတော့ အင်္ဂလန်လိဂ် (၁) မှာ အဆင့် ၁၁ နေရာရပ်တည်နေပြီး ဒရေးဖပ်စ်မိသားစုလက်အောက်မှာ ပရီးမီးယားလိဂ်ထိ ပြန်တက်လှမ်းလာနိုင်မလား စောင့်ကြည့်ရတော့မှာပါ။

လူးဝစ္စဒရေးဖပ်ကတော့ ပိုင်ဆိုင်မှုစုစုပေါင်း ၁.၅ ဘီလီယံအထိရှိတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အသင်းကို ဘယ်လောက်ထိ ဦးဆောင်ပေးနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖွယ်ကောင်းလာခဲ့ပါပြီ။ 


Author


က္က