စပို့တင်းကနေ ယူနိုက်တက်ကို ၂၀၀၃ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့တာပါ။

လက်ရှိမှာ အသက် ၃၅ နှစ်အရွယ်ရှိနေပြီး ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာ စပို့တင်းကနေ ယူနို်က်တက်ကို ပေါင် ၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။


Sky Sports ရဲ့ Transfer Show Panel က ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုအရ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးအပြောင်းအရွှေ့အဖြစ် စပို့တင်းလစ္စဘွန်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ မဲပေးရွေးချယ်မှုအများဆုံးရရှိခဲ့တယ်လို့ သိရပါတယ်။ 



လက်ရှိမှာ အသက် ၃၅ နှစ်အရွယ်ရှိနေပြီး ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာ စပို့တင်းကနေ ယူနို်က်တက်ကို ပေါင် ၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပြိုင်ဘက်ကစားသမားတွေနဲ့့ နည်းပြကြီးဖာဂူဆန်ကို မျက်စိကျအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပွဲပြီးပြီးချင်းမှာပဲ ဖာဂူဆန်က သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ၆ ရာသီကြာကစားခဲ့ပြီး အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ကာ သူ့ရဲ့ ပထမဆုံးဘလွန်းဒီအောဆုကိုလည်း ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးရာသီမှာ ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီး ၉ နှစ်ကြာကစားပေးခဲ့ကာ ကစားသမားဘဝ အထွဋ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်မှာတော့ ရော်နယ်ဒိုက ၃ ရာသီမြောက်ကစားပေးနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ အဓိကကစားသမားအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့နောက် အကောင်းဆုံးအပြောင်းအရွှေ့တွေအဖြစ် ဂျူဗင်တပ်စ်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ အွန်နရီ၊ လိဒ်ယူနိုက်တက်နေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ ကန်တိုနာ၊ ဝက်စ်ဟမ်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ လမ်းပတ် နဲ့ နော်တင်ဟမ်ဖောရက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ ရွိုင်ကိန်းတို့က အစဉ်လိုက်ရပ်တည်ပြီး ထိပ်ဆုံးငါးဦးစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က