ယူနိုက်တက်ကို ၆-၂ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို အဝေးကွင်းမှာ ၆-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ လိဒ်ယူနိုက်တက်နည်းပြဘီယဲလ်ဆာက သူ့အသင်းပိုကောင်းခဲ့တယ်လို့ ဖြေရှင်းပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။ ဒီလိုပြောဆိုရာမှာ ဘီယဲလ်ဆာက ၄၁ မိနစ်တိုင်တိုင် အချက်အလက်၊ အကိုးအကားတွေနဲ့ ပြောဆိုခဲ့တာဖြစ်တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။



အဆိုပါပွဲစဉ်ကတော့ မိနစ် ၉၀ အတွင်းမှာ နှစ်သင်းပေါင်း ဂိုးကန်သွင်းချက် ၄၃ ကြိမ်အထိရှိခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ဖျော်ဖြေနိုင်ခဲ့ကြပါတယ်။ ယူနိုက်တက်က ၂၆ ကြိမ်ထိ ဂိုးကန်သွင်းခွင့်ရရှိခဲ့ပြီး ၆ ဂိုးသွင်းယူနိုင်ခဲ့ကာ လိဒ်ယူနိုက်တက်တော့ ၁၇ ကြိမ် ကန်သွင်းခွင့်ရခဲ့ပြီး ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပေမယ့် ဘီယဲလ်ဆာကတော့ သူ့အသင်းက ပိုကောင်းခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

"အဲဒီပွဲမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေနဲ့ မီဒီယာတွေပြောဆိုနေတာနဲ့က ဘာမှမဆိုင်ပါဘူး၊ ကစားသမားတွေကို မေးခဲ့တာတွေက ကျွန်တော်တို့ အမှန်တကယ်ကစားခဲ့ပုံတွေကို အားနည်းစေခဲ့ပြီး သူတို့က ရလဒ်တစ်ခုတည်းကိုပဲ သိနေကြတယ်၊ ကျွန်တော်တို့က အဲဒီပွဲကို ပြန်ကြည့်ရှုခဲ့ပြီး ကျွန်တော်တို့ အရေးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ပြန်သုံးသပ်ခဲ့ပါတယ်၊ သူတို့ကတော့ ဒါကို ထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး"

"မန်ချက်စတာယူနိုက်တက်က သူတို့ရဲ့ ဒီရာသီအကောင်းဆုံးပွဲကို ကစားခဲ့ကြပြီး ကျွန်တော့်ကစားသမားတွေက ပိုပြီးကောင်းမွန်ခဲ့ပါတယ်၊ ကျွန်တော်တို့လည်း ပွဲကို သူတို့လိုပဲ လွှမ်းမိုးခဲ့ပါတယ်" လို့ ဘီယဲလ်ဆာက ပြောဆိုခဲ့ပါတယ်။ လိဒ်ယူနိုက်ကတော့ ဒီရာသီမှာ တန်းတက်အသင်းဖြစ်ပေမယ့်လည်း မြန်နှုန်းမြင့်ကစားဟန်နဲ့ ကြိုးစားအားထုတ်မှုကြောင့် ပရိသတ်တွေ အကြိုက်တွေ့တဲ့ အသင်းအဖြစ် ရှိနေခဲ့ပါတယ်။ 

လက်ရှိမှာတော့ လိဒ်ယူနိုက်တက်ဟာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး ရမှတ် ၁၇ မှတ်ရရှိထားကာ တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၇ မှတ်ကွာဟနေပါသေးတယ်။ ယူနိုက်တက်ကို ခြောက်ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပထမပိုင်းမှာပဲ လေးဂိုးအထိပေးခဲ့ရတာက လိဒ်ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပြီး နည်းစနစ်ဆရာကြီးဘီယဲလ်ဆာအတွက်တော့ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က