လိဂ် နောက်ဆုံး ၄ပွဲမှာ ၃ပွဲထိ အရေးနိမ့်ထားပါပြီ။

လမ်းပတ်ကတော့ အခုရှုံးပွဲဟာ ကစားသမားတွေရဲ့ တာဝန်ဖြစ်ပြီး ဒီတာဝန်ကိုလည်း မဖြစ်မနေ ယူကြရမယ်လို့ ဆိုခဲ့ပါတယ်။

လန်ဒန်ဒါဘီမှာ အာဆင်နယ်ကို ၃-၁နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက တစ်သင်းလုံးရဲ့ ကြိုးစားမှုနဲ့ လုပ်ဆောင်ချက်တွေဟာ ပြင်းရိ‌ နေပြီး ကြိုးစားမှုလည်း မရှိဘူးလို့ ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။



အာဆင်နယ်အသင်းကတော့ ချဲလ်ဆီးအသင်းကို လာကာဇက်တီ၊ဇာခါ၊ဆာကာတို့ရဲ့ သွင်းဂိုးတွေနှင့်အတူ ၃-၁ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

အခုရှုံးပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ပွဲမှာ ၃ပွဲအထိ အရေးနိမ့်ထားခဲ့ရပြီ ဖြစ်သလို အာဆင်နယ်အသင်းကိုလည်း နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီ ဖြစ်ပါတယ်။

“ပထမပိုင်းမှာ ကစားတာ မလုံလောက်ခဲ့ပါဘူး၊ဒုတိယပိုင်းမှာတော့ အတော်လေး ကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် တောင်တက်နေသလိုပါပဲ တိုက်စစ်ဆင်နေတာတွေက၊တိုက်စစ်ဆင်ရင်ကို လွဲနေတာပါ။နောက်တစ်ခု အဓိက အချက်ကတော့ ဆာကာရဲ့ဂိုးပါပဲ အဲ့လောက်ထိတော့ ကံကောင်းဖို့ မလိုဘူးထင်ပါတယ်။” လို့ လမ်းပတ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ Sky Sports သတင်းဌာနကို ပြောပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အဖွင့်ဂိုးကို ပင်နယ်တီကရခဲ့ပြီး ဒုတိယဂိုးကို အလွတ်တည်ကန်ဘောမှတဆင့် ရခဲ့ကာ တတိယဂိုးကတော့ ဆာကာရဲ့ အမှတ်မထင် ဂိုးရှေ့ ဖြတ်တင်ဘောက ဂိုးသမားမန်ဒီကိုကျော်ပြီး ဂိုး ဝင်ခဲ့တာပါ။

“ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အမြန်နှုန်း၊အင်အားနဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ခဲ့ပါတယ်၊ဒါပေမယ့် အဲ့လို ကစားတာ ပထမပိုင်း အစကတည်းက ဖြစ်ခဲ့သင့်တာပါ။”လို့ လမ်းပတ်က ဆက်လက်ပြောပါသေးတယ်။

ဒါ့အပြင် လမ်းပတ်က တိုက်စစ်မှာ ကောင်းကောင်း ခြေစွမ်းပြ မကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူးသစ် တီမိုဝါနာရဲ့ ခြေစွမ်းကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။

“အခုပွဲမှာတော့ တီမိုအနေနဲ့ ကျွန်တော်တို့ကို လုံလောက်တဲ့ အခြေအနေတစ်ခု မဖန်တီးပေးနိုင်ခဲ့ပါဘူး။ဘောလုံး ရှိချိန်ရောမရှိချိန်ရော လုံလောက်အောင် ခြေစွမ်းပြ မကစားနိုင်ခဲ့ပါဘူး။ကျွန်တော်တို့ သူ့ကို အချိန်ပေးပါတယ်၊ဒါ ပေမယ့် ဒီပွဲမှာတော့ သူ့ကို လူစားလဲဖို့ မဖြစ်မနေ လိုအပ်ခဲ့ပါတယ်။”လို့ လမ်းပတ်က ဆက်လက်ပြောပါသေး တယ်။

လမ်းပတ်ဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ် ၃ကြိမ်နဲ့အက်ဖ်အေဖလားဗိုလ်လုပွဲတစ်ကြိမ်ရင်ဆိုင်ထား ရာမှာ လိဂ်ပွဲတစ်ကြိမ်သာ နိုင်ထားပြီး ၂ပွဲရှုံးကာ တစ်ပွဲသရေကျထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က