အမြန်ဆုံးပြန်ကစားဖို့သာ စီစဉ်ပေးမှာဖြစ်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးက ဆီမီးဖိုင်နယ်ပွဲအဖြစ် မြို့ခံပြိုင်ဘက်ယူနိုက်တက်နဲ့ ကစားရဖို့ရှိနေပြိး လက်ရှိအခြေအနေအရ ကစားနိုင်ဖွယ်မရှိဖြစ်နေတာလည်းဖြစ်ပါတယ်။


အသင်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်တက်လာခဲ့ပေမယ့် မန်စီးတီးအသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခံရနိုင်ချေမရှိဘူးလို့ သိရပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးက ဆီမီးဖိုင်နယ်ပွဲအဖြစ် မြို့ခံပြိုင်ဘက်ယူနိုက်တက်နဲ့ ကစားရဖို့ရှိနေပြိး လက်ရှိအခြေအနေအရ ကစားနိုင်ဖွယ်မရှိဖြစ်နေတာလည်းဖြစ်ပါတယ်။



အဲဗာတန်နဲ့ကစားရမယ့် မနေ့ညက ပရီးမီးယားလိဂ်ပွဲကိုလည်း ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ ဂါဘရီရယ်ဂျီးဆပ်၊ ကိုင်လီဝေါ်ကာတို့အပါအဝင် မန်စီးတီးအသင်းက ၅ဦးအထိ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး တစ်ဦးချင်းစီသီးသန့်နေထိုင်နေရကာ နောက်ထပ်ကူးစက်ခံရမှုတွေ ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေလို့ စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။ 

ကာရာဘောင်းဖလားစတုတ္ထအဆင့်တုန်းက လေတန်အော်ရီယန့်အသင်းနဲ့ စပါးအသင်းတို့ကစားရမယ့်ပွဲမှာ လေတန်အသင်းက ၁ရဦးအထိ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားခဲ့ပြီး ပွဲကစားဖို့ မဖြစ်နိုင်တာကြောင့် စပါးအသင်းကို အနိုင်ပေးပြီး ကွာတားဖိုင်နယ်ကို တက်ရောက်စေခဲ့တဲ့ဖြစ်ရပ်ရှိခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးအနေနဲ့ အဆိုပါအဖြစ်လိုမျိုးနဲ့ ရင်ဆိုင်ရဖို့မရှိဘူးလို့ သိရပြီး EFL က ဆီမီးဖိုင်နယ်ပွဲကို ပြန်လည်စီစဉ်ပေးသွားမယ်လို့သိရပါတယ်။

ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ "သူတို့အတွက် မသေချာသေးပါဘူး၊ လေတန်အော်ရီယန့်ကလည်း EFL က ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကို သေချာစောင့်ကြည့်နေမယ်လို့ ထင်ပါတယ်" လို့ သူ့ရဲ့တွစ်တာကတဆင့် ရေးသားပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း Daily Mail ရဲ့ ဖော်ပြချက်မှာတော့ EFL က ယူနိုက်တက်ကို အနိုင်ပေးဖို့ဆိုတာ မဖြစ်နိုင်သလောက်သာရှိတယ်လို့ ပါရှိခဲ့ပြီး ပွဲပြန်လည်ကစားမယ့်နေ့ရက်ကို သတ်မှတ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ 

EFL ရဲ့ ဆီမီးဖိုင်နယ်အဆင့် စည်းကမ်းသတ်မှတ်ချက်အရဆိုရင်လည်း ကော်မတီအနေနဲ့ ပွဲကို အမြန်ဆုံးပြန်ကစားနိုင်ဖို့ကို အဆင်ပြေမယ့််နည်းလမ်းတွေနဲ့ ကြိုးစားပြီး ဆောင်ရွက်သွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က