ပေါင်ခြံဒဏ်ရာရရှိထားတာပါ။

ပါတေးဟာ ဗီလာနဲ့ပွဲတုန်းက ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကို ပြန်လည်သက်သာပြီးနောက် ကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ ထပ်မံ ရရှိခဲ့လို့ ယနေ့အချိန်ထိ အနားယူနေရသူ ဖြစ်ပါတယ်။

ဒဏ်ရာကြောင့် နားနေရတဲ့ ကွင်းလယ်လူ ပါတေးဟာ ယခုအခါ ကစားဖော်များနှင့်အတူ လေ့ကျင့်ခန်း ပြန်လည် ဆင်းနေနိုင်ပြီလို့ သိရပါတယ်။



တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်မှာ ပါတေးအနေနဲ့ အသင်းဖော်များနှင့်အတူ လေ့ ကျင့်ခန်း ဆင်းနေနိုင်တာ ဖြစ်ပါတယ်။

ပါတေးကို အာဆင်နယ်အသင်းက ယခုနှစ်ရာသီအစမှ ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ခေါ်ယူထားတာပါ။

ဒါပေမယ့် ပါတေးဟာ ပြီးခဲ့တဲ့လက ဗီလာကို ၃-၀နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပေါင်ခြံ ဒဏ်ရာစတင်ရရှိသွားခဲ့ပြီး စပါးကို ၂-၀နဲ့ ရှုံးတဲ့ပွဲကျမှ ပြန်လည်ပါဝင်နိုင်ခဲ့ပါတယ်။

စပါးနဲ့ပွဲမှာလည်း တူညီတဲ့ ဒဏ်ရာ ထပ်မံ ရရှိသွားလို့ လူစားလဲခဲ့ရကာ ယခုအခါမှာတော့ အသင်းနှင့်အတူ ပြန်လည် လေ့ကျင့်နေနိုင်ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ရက်က လန်ဒန်ဒါဘီပွဲအဖြစ် ချဲလ်ဆီးနဲ့ ကစားခဲ့ရတဲ့ပွဲမှာ ၃-၁နဲ့ အနိုင်ယူနိုင်ခဲ့ပြီး ၇ပွဲဆက် လိဂ်နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲအပြီးမှာ ပါတေးရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး နည်းပြ အာတီတာက - “ လာမယ့် ဘရိုက်တန်နဲ့ ဝက်စ်ဘရွန်းတို့ပွဲမှာလည်း ပါတေး ပါဝင်လာဖို့ မဖြစ်နိုင်သေးပါဘူး။ကျွန်တော့်အထင် နောက်ထပ် ရက်အနည်း ငယ်လောက်တော့ သူနားရပါဦးမယ်။”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယနေ့ညမှာ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းကစားရဖို့ရှိနေပြီး ပြီးခဲ့တဲ့ ဘောက်ဆင် ဒေးတုန်းက ချဲလ်ဆီးကို နိုင်ထားပေမယ့် အဆင့် ရပ်တည်မှုကတော့ ၁၅မှာသာ ဆက်လက်တည်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က