နာကျင်အချိန်ပိုမှာ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ဘောလုံးရယူနိုင်ခဲ့ပြီးနောက် ပြိုင်ဘက်ခံစစ်မှူးတွေကို လှည့်စားပြီး ဘယ်ခြေနဲ့ကန်သွင်းခဲ့ရာမှာ ဝုလ်ဗ်နောက်ခံလူနဲ့ ထိခဲ့မိပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ 


ဝုဗ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနို်က်တက်အတွက် အဖိုးတန်အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က သူ့ရဲ့သွင်းဂိုးလျှို့ဝှက်ချက်ကို ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ဘောလုံးရယူနိုင်ခဲ့ပြီးနောက် ပြိုင်ဘက်ခံစစ်မှူးတွေကို လှည့်စားပြီး ဘယ်ခြေနဲ့ကန်သွင်းခဲ့ရာမှာ ဝုလ်ဗ်နောက်ခံလူနဲ့ ထိခဲ့မိပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ 



ရက်ရှ်ဖို့ဒ်ကြောင့် အဖိုးတန်သုံးမှတ်ရရှိခဲ့တဲ့ ယူနိုက်တက်ဟာ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ လီဗာပူးလ်ကို ဖိအားတွေပေးနေခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ရက်ရှ်ဖို့ဒ်က ပြိုင်ဘက်ကစားသမားနူရီရဲ့ ပွဲချိန်တွင်း ဒဏ်ရာရရှိခဲ့မှုအပေါ်မှာ အခွင့်ကောင်းယူခဲ့တာလို့ ဝန်ခံပြောဆိုခဲ့ပြီး ဂိုးကန်သွင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့တယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ 

"အဆုံးအဖြတ်သွင်းဂိုးပါ၊ အလှဆုံးဂိုးတော့ မဟုတ်ပေမယ့်လည်း ကျွန်တော်တို့ရရှိနိုင်တာကို ယူဆောင်နိုင်ခဲ့ပြီး ဒီ ၃ မှတ်နဲ့အတူ ရှေ့ဆက်နိုင်ခဲ့ပါတယ်၊ ဒီနေ့ပွဲကစားရတာ ခက်ခဲခဲ့ပေမယ့်လည်း ဒီလိုဖြစ်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ၊ ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ အနိုင်ရအောင် စွမ်းောဆင်နိုင်ခဲ့ပြီး အောင်ပွဲရခဲ့ပါတယ်"

"ဂိုးမသွင်းခင်မှာ နူရီက ကြွက်တက်နေခဲ့တာကို ကျွန်တော် အမှတ်ရမိခဲ့ပါတယ်၊ ဒါကြောင့်လည်း သူ့ကို လှည့်စားကျော်ဖြတ်ဖို့အတွက် ကျွန်တော်ဆုံးဖြတ်ခဲ့ပြီး တစ်ချက်လှည့်ပြိးတာနဲ့ ဂိုးရအောင်ကန်သွင်းမယ်ဆိုပြီး ကြိုးစားကြည့်ခဲ့တာပါ၊ ကံကောင်းစွာနဲ့ပဲ ဘောလုံးက လမ်းကြောင်းပြောင်းသွားခဲ့ပြီး သွင်းဂိုးဖြစ်ခဲ့ပါတယ်၊ ဂိုးသွင်းနိုင်ခဲ့လို့လည်း အရမ်းကျေနပ်မိပါတယ်၊ ဒါပေမယ့် ပွဲချိန်အတွင်း ထင်သလောက်ကောင်းကောင်းမကစားနိုင်ခဲ့လို့ စိတ်ပျက်မိပါတယ်" လို့ ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့ပါတယ်။ 

ဒီသွင်းဂိုးဟာ ရက်ရှ်ဖို့ဒ်အတွက်တော့ ဒီရာသီပရီးမီးယားလိဂ်မှာ ၇ ဂိုးမြောက်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးမြောက်ဖြစ်ကာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၅၁ ဂိုးအထိ ရရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က