ဝုလ်ကို နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ကပ်အနိုင်ရလိုက်လို့ လီဗာပူးအသင်းနဲ့ ပွဲတူ ၂မှတ်လျော့ အနေအထားနဲ့ အဆင့် ၂မှာ ရပ်တည်နေနိုင်ပါပြီ။

ပရီးမီးယားလိဂ် ချန်ပီယံဆုအကြောင်းပြောဖို့ စောလွန်းနေပါသေးတယ်လို့ ဝုလ်ကို အနိုင်ရရှိခဲ့တဲ့အပြီးမှာ ဆိုးလ်ရှားက ထုတ်ဖော်ပြောလာပါတယ်။



ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ဝုလ်အသင်းကို အကြိတ်အနယ်ကစားပြီး ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အတူ ၁-၀ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒီနိုင်ပွဲကြောင့်ပဲ အဆင့် ၂နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံး လီဗာပူးအသင်းနဲ့ ပွဲတူ ၂မှတ်လျော့ အနေအထား ထိရောက်ရှိလာပါပြီ။

ဒါ့အပြင် လိဂ်မှာ ၉ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို တင်ထားနိုင်ပြီး ယူနိုက်တက်အသင်းဟာ ၇ပွဲနိုင် ၂ပွဲသရေထိ ပိုင်ဆိုင် ထားပါတယ်။

“၁၅ပွဲလောက် ကစားပြီးရုံနဲ့ ချန်ပီယံပြိုင်ပွဲမဖြစ်သေးပါဘူး၊ပထမ ၁၀ပွဲလောက်မှာ ရှုံးနေသည့်တိုင် နောက်ထပ် ၁၅ပွဲမှာ ၃၀မှတ်လောက်ရရင်တော့ ချန်ပီယံပြေးလမ်းအစရောက်ပြီလို့ ပြောနိုင်ပါတယ်။ကျွန်တော်တို့ကတော့ ပွဲတိုင်းကို နိုင်မယ်ဆိုတဲ့စိတ်နဲ့ပဲ ကစားပါတယ်။လက်ရှိမှာရရှိထားတဲ့ ရလဒ်တွေကလည်း အသင်းရဲ့ ယုံကြည်မှုကို များစွာ တိုးတက်စေပါတယ်။”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

အသင်းရဲ့ အဓိက ကွင်းလယ်လူလို့ ပြောရမယ့် ဘရူနိုဖာနန်ဒက်စ်ကလည်း အသင်းနဲ့စတင်ကစားခဲ့တဲ့ ဖေဖော်ဝါရီ လမှစပြီး အသင်းအတွက် ၁၈ဂိုးသွင်းပြီး ၁၄ဂိုးဖန်တီးကာ အခြားယူနိုက်တက် ကစားသမားတွေထက် သွင်းဂိုးပါဝင် ပတ်သက်နိုင်မှု အများဆုံး ဖြစ်နေပါတယ်။

“ဖာနန်ဒက်စ်ရဲ့ အခုလက်ရှိခြေစွမ်းက အမှန်မဟုတ်သေးပါဘူး။သူ အဲ့ထက်ပို စွမ်းဆောင်ပြနိုင်ပါသေတးယ်။သူ့ရဲ့ အကောင်းဆုံးပွဲတစ်ခုကို မပြသရသေးပါဘူး။ပိုကောင်းအောင် ကစားနိုင်ပါသေးတယ်။”လို့ ဆိုးလ်ရှားက ယုံကြည် ထားတဲ့အကြောင်းလည်း ပြောပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ လာမယ့် စနေနေ့မှာ ဗီလာအသင်းနဲ့ ကစားဖို့ ရှိပေမယ့် မနေ့က ပရီးမီး ယားလိဂ်မှာ ကိုဗစ်တွေ့ရှိသူ ၁၈ဦးထိ ထပ်မံ ပေါ်ထွက်လာပါတယ်။

ဒါကြောင့် လိဂ်ကို ခေတ္တရပ်နားဖို့ တောင်းဆိုနေကြသလို သက်ဆိုင်ရာကလည်း လိဂ်ကို အနားပေးရင်ကောင်း မကောင်း ဆွေးနွေးနေပါတယ်။

Share

Loading Next Article...
က္က