ယနေ့ည ကစားမယ့် ဗီလာပွဲကို စတင်လွဲချော်ပါမယ်။
Kyaw Ko Ko Sint

ဆောက်သမ်တန်ကို အနိုင်ရတဲ့ပွဲအပြီး လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့တဲ့ လူမျိုးရေး ခွဲခြားသလို အဓိပ္ပာယ် သက်ရောက်တဲ့ စာသားအချို့ကြောင့် အခုလို ပြစ်ဒဏ်ချမှတ်ခံရတာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို အင်္ဂလန် အက်ဖ်အေက ၃ပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၁သိန်း ဒဏ်ရိုက်ခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



အကြောင်းကတော့ ပြီးခဲ့တဲ့ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ နိုဝင်ဘာ ၂၉ရက်နေ့မှာ လူမှုကွန်ရက် စာမျက်နှာ ထက် စပိန်ဘာသာဖြင့် စကားစုတစ်စု ရေးသားတင်ခဲ့ပါတယ်။

အဆိုပါ စာသားမှာ လူမျိုးရေးအရ ပုတ်ခတ်ပြောဆိုတယ်လို့ အဓိပ္ပာယ်သက်ရောက်နိုင်တဲ့ စကားလုံးတွေ ပါဝင်ခဲ့ တာကြောင့် အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကာဗာနီကတော့ သူတင်ခဲ့တဲ့ ပို့စ်ကို တင်ပြီး ချက်ခြင်းဆိုသလိုပဲ ပြန်ဖျက်ခဲ့ပြီး တောင်းပန်မှုလည်း ပြန်လည်ပြု လုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အက်ဖ်အေကတော့ ယခုအခါမှာ ကာဗာနီကို ၃ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပြီဖို့လို့ ယနေ့ညမှာ ကစားမယ့် ဗီလာအသင်းနဲ့ပွဲကို စတင်လွဲချော်ရပါတော့မယ်။

အဲ့နောက် ယူနိုက်တက်အသင်း ကစားဖို့ရှိနေတဲ့ မန်စီးတီးအသင်းနဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဥ်နဲ့ဝက်ဖို့ဒ်နဲ့ ကစားမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဥ်တွေကို တောက်လျှောက် လွဲချော်ပါမယ်။

ကာဗာနီအနေနဲ့ ပွဲပယ်နဲ့ ငွေဒဏ် သတ်မှတ်ခံခဲ့ရတဲ့အပြင် ပညာပေး သင်တန်းကိုလည်း တက်ရောက်ပြီး လေ့လာ မှတ်သားရမယ်လို့ ပါရှိပါတယ်။

ကာဗာနီကို အက်ဖ်အေက အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး - “တကယ့်ကိုယူသင့်ယူထိုက်တဲ့ သင်ခန်း စာ တစ်ခုပါပဲ။ဒါဟာ ကာဗာနီနဲ့ ယူနိုက်တက်အတွက်သာမဟုတ်ပဲ အင်္ဂလိပ် ဘောလုံးလောက တစ်ခုလုံးအတွက် စံပြပါပဲ။”လို့ အားကစားသုံးသပ်သူ ဆိုင်မွန်စတုန်းက သုံးသပ်ပြောခဲ့ပါသေးတယ်။

ယူနိုက်တက်အသင်းကတော့ ယနေ့ည မြန်မာစံတော်ချိန် ၂နာရီခွဲမှာ ဗီလာအသင်းကို အိမ်ကွင်း ဧည့်ခံ ကစားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က