အသင်းကို အရေးနိမ့်စေခဲ့တဲ့ ပယ်နယ်တီဖြစ်ခဲ့တာပါ။

လက်ပစ်ဘောကတဆင့် ပေါ့ဂ်ဘာဘောလုံးရခဲ့ပြီး ဧရိယာထဲဆွဲဝင်လာခဲ့ချိန်မှာ ဒေါက်ဂလပ်စ်ကော်စတာရဲ့ ဖျက်ထုတ်မှုကြောင့် လဲကျခဲ့ရာကနေ ကွင်းလယ်ဒိုင်လူကြီးက ပယ်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့အပြီး ဗီလာနည်းပြဒင်းစမစ်က သူတို့ပေးခဲ့ရတဲ့ ပယ်နယ်တီဟာ ပြိုင်ဘက်အသင်းကစားသမား ပေါ့ဂ်ဘာ သူ့ဘာသာသူ လဲကျခဲ့တာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဗီလာဟာ အဝေးကွင်းမှာ ယူနိုက်တက်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့သလို တစ်ဖက်တစ်ဂိုးစီသရေဖြစ်အောင်အထိ လိုက်ကစားနိုင်ခဲ့ပါတယ်။



ဒါပေမယ့်လည်း လက်ပစ်ဘောကတဆင့် ပေါ့ဂ်ဘာဘောလုံးရခဲ့ပြီး ဧရိယာထဲဆွဲဝင်လာခဲ့ချိန်မှာ ဒေါက်ဂလပ်စ်ကော်စတာရဲ့ ဖျက်ထုတ်မှုကြောင့် လဲကျခဲ့ရာကနေ ကွင်းလယ်ဒိုင်လူကြီးက ပယ်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။ အဆိုပါပယ်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းယူပြီး ယူနိုက်တက်အတွက် အနိုင်ဂိုးဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်။ 

ပွဲအပြီးမှာ Sky Sports က တဆင့် ဒင်းစမစ်က "အဲဒီအချိန်တုန်းကတော့ ဒါ ပယ်နယ်တီပဲလို့ ကျွန်တော်တွေးမိခဲ့ပါတယ်၊ ဒါပေမယ့်လည်း ပွဲအပြီးပြန်လည်ကြည့်ရှုအပြီးမှာတော့ ပေါ့ဂ်ဘာက သူ့ဘာသာသူ လဲကျခဲ့တာလို့ မြင်ရပါတယ်၊ မိုက်ကယ်အိုလီဗာက ဒါကိုဘာလို့တိုင်ပင်ခြင်းမရှိတာလဲဆိုတာကို ကျွန်တော်မသိဘူး၊ အဲဒီအတွက် VAR ကို ထားထားတာမဟုတ်ဘူးလား?"

"ပေါ့ဂ်ဘာက သူ့ဟာသူလဲကျခဲ့တာပါ၊ ဒါက ဘောလုံးလောကအတွင်း ကွာခြားမှုပါပဲ၊ ကျွန်တော် နောက်တစ်ကြိမ်တွေ့အပြီးမှာ ဒါက ပယ်နယ်တီမဟုတ်ဘူးလို့ ကျွန်တော်ယူဆခဲ့ပါတယ်၊ ဒေါက်ဂလပ်စ်လူးဝစ်ဇ်က ပေါ့ဂ်ဘာနဲ့ အရမ်းနီးကပ်နေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်ပြန်ကြည့်ပြိးတဲ့နောက်မှာ သူ့ဟာသူလဲကျခဲ့တာပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ဗီလာကတော့ ပွဲပြီးခါနီးမှာ ချေပဂိုးရဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်နောက်ခံလူဘိုင်ယီရဲ့ ဟန့်တားမှုကြောင့် နစ်နာခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ကတော့ ဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ရမှတ်တူအနေအထားကိုရောက်ရှိခဲ့ပြီး ဆုဖလားအတွက် အကောင်းဆုံးစိန်ခေါ်နေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က