ဗီလာကစားသမားရဲ့ကန်သွင်းချက်ကို ဟန့်တားပေးခဲ့တာပါ။

ဘိုင်ယီဟာ နာကျင်အချိန်ပိုမှာ ဗီလာကစားသမားဒေးဗီးစ်ရဲ့ ကန်သွင်းချက်ကို အံ့အားသင့်ဖွယ်ရာ တားဆီးနိုင်ခဲ့တာဖြစ်ပြီး ဂိုးအဖြစ်ပေးရနိုင်တဲ့ အနေအထားကို ပျက်ပြယ်စေခဲ့တာဖြစ်ပါတယ်။


အသင်းရမှတ် ၂ မှတ် မဆုံးရှုံးအောင် ကယ်တင်ပေးနိုင်ခဲ့တဲ့ ယူနိုက်တက်နောက်ခံလူအဲရစ်ဘိုင်ယီဟာ ဗီလာနဲ့ပွဲအပြီးမှာတော့ အသင်းဖော်တွေရဲ့ ၀ိုင်းဝန်းဂုဏ်ပြုခြင်းကို ရရှိခဲ့ပါတယ်။ ဘိုင်ယီဟာ နာကျင်အချိန်ပိုမှာ ဗီလာကစားသမားဒေးဗီးစ်ရဲ့ ကန်သွင်းချက်ကို အံ့အားသင့်ဖွယ်ရာ တားဆီးနိုင်ခဲ့တာဖြစ်ပြီး ဂိုးအဖြစ်ပေးရနိုင်တဲ့ အနေအထားကို ပျက်ပြယ်စေခဲ့တာဖြစ်ပါတယ်။



မာရှယ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ဂရီလစ်ရှ်ရဲ့ခြေစွမ်းပြဖန်တီးမှုနဲ့ ထရာအိုယေးသွင်းယူခဲ့တဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် အနိုင်ဂိုးရဖို့ ယူနိုက်တက်တို့အားထုတ်ခဲ့ရပြီး ပေါ့ဂ်ဘာကြောင့် ရရှိခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်ဘောကို ဖာနန်ဒက်စ်က ကန်သွင်းယူပြီး ယူနိုက်တက်အတွက် အနိုင်ဂိုးဖြစ်စေခဲ့ပါတယ်။ 



ဒါပေမယ့်လည်း ဗီလာက အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ အပြိုင်အဆိုင်ကစားပြနိုင်ခဲ့ပြီး သရေတစ်မှတ်ရယူနိုင်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပါတယ်။ ဒီဂီယာရဲ့ အံ့အားသင့်ဖွယ်ရာကာကွယ်မှုတွေကြောင့် ယူနိုက်တက်တို့ သက်သာရာရခဲ့သလို ဘိုင်ယီရဲ့ နောက်ဆုံးမိနစ်ဟန့်တားခဲ့မှုက သူတို့ကို နိုင်ပွဲဆက်စေခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်ကို ဖိအားတွေပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

နည်းပြဆိုးလ်ရှားကလည်း ပွဲအပြီးမှာ ဘိုင်ယီကို ချီးကျူးစကားတွေပြောဆိုခဲ့ပါတယ်။ "သူ့ကို ဒဏ်ရာအနာတရကင်းကင်းနဲ့ ပရိသတ်တွေမြင်ချင်နေတာ ဘာလို့လဲဆိုတဲ့အချက်ပါပဲ၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအရ၊ ခံစစ်ကစားပုံက ဒီနေ့မှာ တကယ်ကောင်းမွန်ခဲ့ပါတယ်၊ သူ့ကစားပုံက ဒဏ်ရာတွေရတတ်တဲ့ ကစားပုံမျိုးဖြစ်ပြီး ကြွက်သားစိုင်တွေမှာလည်း ဒဏ်ရာတချို့ရှိနေခဲ့ပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က