ကလော့ပ်ဆီက ပထမဆုံးအကြိမ် ရမှတ်ယူနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။
Pyae Phyo Thein

ဒန်နီအင့်စ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ဆောက်သမ်တန်က အနိုင်ရခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ လေးမှတ်သာကွာဟတော့တဲ့ အနေအထားကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ 


ဆောက်သမ်တန်နည်းပြဟာဆန်ဟူတယ်လ်ဟာ လီဗာပူးလ်ကို အိမ်ကွင်းမှာအနိုင်ယူခဲ့ပြီးနောက် ပွဲသိမ်းခရာမှုတ်ခဲ့ချိန်မှာ ကွင်းဘေးမှာဒူးထောက်ပြီး ငိုကြွေးနေခဲ့ပါတယ်။ ဒန်နီအင့်စ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ဆောက်သမ်တန်က အနိုင်ရခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ လေးမှတ်သာကွာဟတော့တဲ့ အနေအထားကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ 

ဟာဆန်ဟူတယ်လ်ဟာ ပွဲအပြီးမှာ ကလော့ပ်ကိုတောင်မှ မနှုတ်ဆက်နိုင်ခဲ့ဘဲ ငိုကြွေးခဲ့ပြီး လီဗာပူးလ်နည်းပြက သူ့ကိုပခုံးပုတ်ကာ နှုတ်ဆက်သွားခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ အခြေအနေတွေမှာ ဆောက်သမ်တန်ကို ဆုဖလားလမ်းကြောင်းပေါ်၊ ဥရောပဝင်ခွင့်လမ်းကြောင်းပေါ် ဟာဆန်ဟူတယ်လ်က ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒီအပေါ်မှာ ခံစားခဲ့ရဖွယ်လည်းရှိပါတယ်။

"ကျွန်တော် ယာဂင်ကလော့ပ်နဲ့တွေ့တိုင်း အမှတ်မရခဲ့ဖူးပါဘူး၊ သူတို့အသင်းက တိုက်စစ်ပိုင်းတောင့်တင်းခဲေ့ပမယ့် ဒီနေ့မှာ ကျွန်တော်တို့လုပ်နိုင်ခဲ့မယ်လို့ ယုံကြည်ခဲ့ပါတယ်၊ ဒီနေ့ ကျွန်တော်တို့ ခံစစ်ကစားပုံက အရမ်းကိုအံ့အားသင့်စရာကောင်းပါတယ်၊ ကစားသမားတွေရဲ့ အားထုတ်မှုက နိုင်ပွဲရဖို့ အဓိကကျခဲ့ပြီး စိတ်ဓာတ်ပိုင်းကလည်း ပိုမိုကောင်းမွန်လာခဲ့ပါတယ်၊ ကျွန်တော်တို့အတွက် ပြီးပြည့်စုံတဲ့နေ့ပါပဲ"



"ကျွန်တော်ကွင်းဘေးမှာ ငိုကြွေးခဲ့တာကတော့ လေတိုက်ခဲ့လို့ပါ၊ ကျွန်တော့်ကောင်လေးတွေက အရာရာတိုင်းအတွက် တိုက်ပွဲဝင်နေတာကို မြင်တွေ့ရချိန်မှာ ကျွန်တော်တကယ်ဂုဏ်ယူမိပါတယ်၊ လီဗာပူးလ်နဲ့ ရင်ဆိုင်ရချိန်မှာ အားလုံးပြည့်စုံနေဖို့ လိုအပ်ပါတယ်၊ ဒါကို ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်" လို့ ဟူတယ်လ်က သူ ငိုကြွေးခဲ့တာကို နောက်ပြောင်ပြောဆိုပြီး ပွဲအပေါ်သုံးသပ်ခဲ့ပါတယ်။ 

Sky Sports ကလည်း ကွင်းဘေးမှာ ဟာဆန်ဟူတယ်လ်ငိုကြွေးနေပုံကို အမိအရရိုက်ကူးခဲ့ပြီး ပြန်လည်ဖော်ပြခဲ့ရာမှာ ကြည့်ရှုသူအများအပြားရှိခဲ့ပါတယ်။ ဟူတယ်လ်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာလည်း ပရိသတ်တွေက ချီးကျူးအသိအမှတ်ပြုခဲ့ကြပြီး နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က