၃ပွဲပယ်နဲ့ ဒဏ်ငွေ တစ်သိန်း ဒဏ်ရိုက်ခဲ့တာပါ။
Kyaw Ko Ko Sint

ကာဗာနီကို လူမျိုးရေးခွဲခြားတဲ့ စကားလုံး သုံးနှုန်းတယ်ဆိုပြီး အင်္ဂလန်အက်ဖ်အေက ၃ပွဲပယ်နဲ့ ဒဏ်ငွေ တစ်သိန်း ဒဏ်ရိုက်ခဲ့ပေမယ့် ဒါဟာ ဥရုဂွေးနိုင်ငံရဲ့ ယဥ်ကျေးမှုနဲ့ လူနေမှုဘဝကို ထိပါးနိုင်တဲ့အတွက် ပြန်လည်သုံးသပ် ပယ် ဖျက်ပေးဖို့ ဥရုဂွေးနိုင်ငံဖက်က အင်္ဂလန်အက်ဖ်အေကို ပြန်တောင်းဆိုလာပါတယ်။

ဥရုဂွေး အားကစားသမားများ အဖွဲ့အစည်းက ၎င်းတို့ရဲ့ ဥရုဂွေး လက်ရွေးစင် ဘောလုံးသမား ကာဗာနီကို ၃ပွဲပယ် ပြစ်ဒဏ်ချမှတ်ထားတာနဲ့ ပတ်သက်ပြီး ပြန်လည်ပယ်ဖျက်ပေးလိုနေကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာကစားနေတဲ့ ကာဗာနီကတော့ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ လူမှုကွန်ယက်စာမျက်နှာထက် တင်ခဲ့တဲ့ စာသားတချို့မှာ လူမျိုးရေး ခွဲခြားတဲ့ စကားလုံးအဓိပ္ပာယ်သက်ရောက် နိုင်တဲ့ စကားလုံးတချို့ပါခဲ့လို့ အင်္ဂလန်အက်ဖ်အေက ၃ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေအဖြစ် ပေါင် တစ်သိန်း ဒဏ်ရိုက်ခဲ့ တာပါ။

လက်ရှိမှာတော့ ဥရုဂွေး အားကစားသမားများအဖွဲ့အစည်းက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြီး ကာဗာနီကို ဒီပြစ် ဒဏ်က ကင်းလွတ်ခွင့်ပေးဖို့ ဆန္ဒပြုလာခဲ့ပြီး ကမ္ဘာကျော်ဘောလုံး သမားတွေ ဖြစ်ကြတဲ့ ဆွာရက်ဇ်နဲ့ ဂိုဒင်တို့က လည်း လူမှုကွန်ရက်မှာ အဆိုပါ ထုတ်ပြန်ချက်ကို ဆက်လက်မျှဝေလာကြပါတယ်။

ထုတ်ပြန်ချက်မှာတော ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို အခုလို အက်ဖ်အေက ပြစ်ဒဏ်ချမှတ်လိုက်တာဟာ ဥရုဂွေး တစ်နိုင်ငံ လုံးရဲ့ ယဥ်ကျေးမှုနဲ့ လူနေမှု ပုံစံကို ဆန့်ကျင်နေသလို ဖြစ်နေတယ်လို့လည်း ရေးသားပါရှိပြီး ဥရုဂွေးနိုင်ငံက ပရော်ဖက်ရှင်နယ်နဲ့ အပျော်တမ်းကစားသမားတွေက လက်မှတ်ဝိုင်းထိုး ထားကြတာပါ။

အခြားဖော်ပြချက်များအဖြစ် - ကာဗာနီဟာ လူမျိုးရေး ခွဲခြားတဲ့စကားလုံးကို လုံးဝမသုံးစွဲခဲ့ပါဘူး။အဲ့လို အဓိပ္ပာယ် ကောက်နိုင်တာမျိုးလည်း ရည်ရွယ်မရေးသားခဲ့ပါဘူး။ သူ့ရဲ့ ရေးသားချက်မှာ လက်တင်ရဲ့ ဘုံဘာသာစကားရပ်ကို အသုံးပြုပြီး သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းထံ ရည်ရွယ်ရေးသားခဲ့တာသာ ဖြစ်ပါတယ်။”လို့ ဖော်ပြ ပါရှိပါသေး တယ်။

ကစားသမားတွေနည်းတူ ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်ကလည်း ကာဗာနီရဲ့ ပြစ်ဒဏ်ကို ပြန်လည်ဆန်းစစ်ပေးဖို့ ဆန္ဒ ရှိနေပါတယ်။

ကာဗာနီကတော့ အက်ဖ်အေရဲ့ ချမှတ်တဲ့ ပြစ်ဒဏ်ကို လက်ခံခဲ့ပေမယ့်ဒါဟာ အက်ဖ်အေရဲ့ လေးစားမှုမရှိတဲ့ လုပ်ရပ်အပေါ် မယှဥ်ပြိုင်လိုတော့တာ ဖြစ်သလို ဘောလုံးမှာ ထားရှိတဲ့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်တယ်ဆိုတဲ့ ဆောင်ပုဒ်အပေါ်မှာ လေးစားလို့ ဖြစ်တယ်လို့ ယူနိုက်တက်အသင်းက ထုတ်ပြန်ပါတယ်။


Author


က္က