ရှက်ချင်ကိုဟာလည်း ချဲလ်ဆီးကစားသမား‌ဟောင်းတစ်ဦး ဖြစ်ပါတယ်။
Kyaw Ko Ko Sint

လမ်းပတ်ကို ပေါင်သန်း ၂၀၀ ပေးသုံးထားတာတောင် အသင်းက လိဂ်နောက်ဆုံး ၆ပွဲမှာ ၄ပွဲအထိရှုံးပြီး အဆင့် ၈ထိ ထိုးကျသွားတာကြောင့် ဒီအခြေအနေကို မပြောင်းနိုင်ရင် လမ်းပတ်အတွက်တော့ ရှေ့က နည်းပြတွေ အတိုင်း လိုက်ရဖို့ များနေတာပါ။

ကစားသမားဟောင်းတစ်ဦးဖြစ်သူ ရှက်ချင်ကိုကို လက်ရှိအသင်းမှာ ရှုံးပွဲတွေဆက်ပြီး ဖိအားတွေအောက် ရောက် နေတဲ့ နည်းပြ လမ်းပတ်ရဲ့ နေရာမှာ အစားထိုးဖို့ အသင်းပိုင်ရှင် အေဗရာမိုဗစ် ပြင်ဆင်ထားပြီလို့ သတင်းတွေ ထွက်ပေါ်လာပါပြီ။



အနောက်လန်ဒန်အသင်းကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ပွဲမှာ ၄ပွဲထိ ရှုံးနိမ့်ပြီး အဆင့် ၈နေရာအထိ ဆင်း သက်ပေးလိုက်ရပါပြီ။

ဒါကြောင့် လမ်းပတ်အနေနဲ့ လက်ရှိအခြေအနေကို ပြန်လည် အလှည့်အပြောင်းမလုပ်နိုင်ဘူးဆိုရင်တော့ ချဲလ်ဆီး အသင်းဟာ ထုတ်ပယ်ဖို့ ပြင်ဆင်ထားပြီ ဖြစ်ပြီး အံ့အားသင့်စရာ လုံးဝမရှိဘူးလို့လည်း သတင်းတွေကဖော်ပြလာ တာပါ။

လမ်းပတ်အနေရာမှာ အစားထိုးဖို့ ထိပ်ဆုံးက သတင်းထွက်လာသူကတော့ လမ်းပတ်နဲ့ တစ်ချိန်က ချဲလ်ဆီး ကစားဖော်ဟောင်း တစ်ဦးဖြစ်တဲ့ ယူကရိန်းတိုက်စစ်မှူး ရှက်ချင်ကိုသာ ဖြစ်တယ်လို့ ပြင်သစ် သတင်းဌာန Le10Sportကဖော်ပြလာပါတယ်။

လက်ရှိမှာ အသက် ၄၄နှစ်ရှိပြီ ဖြစ်တဲ့ ရှက်ချင်ကိုဟာ ချဲလ်ဆီးအသင်းကို ၂၀၀၆ခုနှစ်က ရောက်ရှိလာခဲ့ပြီး ၁နှစ်ခွဲ အသင်းမှာ ကျင်လည်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ယူကရိန်း လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေတာ ၂၀၁၆ ခုနှစ် ကတည်းက ဖြစ်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲမှာလည်း ရှုံးပွဲမရှိ စံချိန်နဲ့ ပေါ်တူဂီအသင်းရဲ့ အပေါ်ကနေ အုပ်စု ဗိုလ်နဲ့ အောင်မြင်ထားပြီး ဖြစ်ပါတယ်။

ဒီလိုမျိုး ယူကရိန်းအသင်းကို ယူရို ခြေစစ်ပွဲအောင်အောင် စွမ်းဆောင်ပေးထားနိုင်တဲ့ အရည်အချင်းကြောင့်လည်း အီဗရာမိုဗစ် မျက်စိကျတာ ဖြစ်နိုင်သလို ရှက်ချင်ကိုနဲ့ မိုဗစ်တို့အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိနေပြီး ရှက်ချင်ကိုဟာ ချဲလ်ဆီးပွဲအချို့ကို အသင်းပိုင်ရှင် မိုဗစ်နှင့်အတူ မကြာခဏ အတူတကွ ကြည့်ရှုလေ့ရှိနေတာက လည်း နှစ်ဦးသားကြားက ဆက်ဆံရေးကို ထင်ပေါ်စေပါတယ်။

မိုဗစ်အနေနဲ့ယခုနှစ်မှာ လမ်းပတ်ကို ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ပေါင် သန်း ၂၀၀ ထုတ်ပေးထားပြီး လမ်းပတ်အနေနဲ့လည်း တိုက်စစ်မှူး ဝါနာအပါအဝင် အခြား ခြေစွမ်းမြင့် ကစားသမားတွေကို‌ခေါ်ယူအားဖြည့် ထားပါတယ်။

ဒါကြောင့်လည်း ငွေကြေး အမြောက်အမြားသုံးစွဲပြီး အသင်းက မအောင်မြင်ဖြစ်နေရင်တော့ ဘယ်သူမှ စိတ်ရှည် မှာ မဟုတ်လို့ နည်းပြတွေ ဖြုတ်ထုတ်သတ်လုပ်တာ နာမည်ကြီးတဲ့ မိုဗစ်အတွက်တော့ ဘယ်ဆိုသာလိမ့် မတုန်း။

လမ်းပတ်အနေနဲ့ အခြေအနေကို ပြန်ထိန်းပြီး ရလဒ်တွေ ကောင်းအောင် ပြန်ကြိုးစားနိုင်မှသာ လက်ရှိ ထိုင်ခုံက မဖယ်‌ပေးရဖို့ရှိနေပြီး ဒီလိုမှမဟုတ်ရင်တော့ ချဲလ်ဆီး နည်းပြ ထိုင်ခုံမှာ အသစ်တစ်ယောက်ကို မြင်တွေ့ရဖွယ်ရှိနေပါပြီ။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က