ဆောက်သမ်တန်နဲ့ပွဲမှာလည်း သူ့ကြောင့် ဂိုးပေးလိုက်ရတာပါ။

တစ်ရာသီအတွင်းမှာ တစ်ပွဲအတွင်း ဘောလုံးပေးပို့မှု ၃၈ကြိမ်သာ ပြုလုပ်နိုင်ခဲ့လို့ ယခုနှစ်ရဲ့ အဆိုးရွားဆုံး ပေး ပို့ နိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။

ဆောက်သမ်တန်ကို ၁-၀နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ လီဗာပူး အသင်းရဲ့ အတိုးတက်ဆုံး လူငယ်ကစားသမားလို့ ဆိုနိုင် တဲ့ ညာနောက်ခံ ကစားသမား အာနိုးလ်ဟာ ဘောလုံးပေးပို့နိုင်မှု အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။



ဒါကတော့ ပွဲချိန်အတွင်း ဘောလုံးပေးပို့နိုင်မှု ၃၈ကြိမ်သာ ရှိခဲ့တာ ဖြစ်ပြီး ဒီပမာဏဟာဆိုရင် ယခုနှစ်ဘောလုံးရာ သီမှာ ပွဲတစ်ပွဲအတွင်း ဘောလုံးပေးပို့နိုင်မှု အနည်းဆုံး ကစားသမား အဖြစ် ရှိခဲ့တာပါ။

ဒီလို ပုံမှန်ထက် ကျဆင်းနေတဲ့ ခြေစွမ်းကြောင့်လည်း နည်းပြ ကလော့ပ်ဟာ ပွဲကစားချိန် ၇၇မိနစ်အရောက်မှာ တော့ ဝါရင့် ကစားသမား မီလ်နာနဲ့ အာနိုးလ်ကို လူစားလဲခဲ့ပါတော့တယ်။

အာနိုးလ်အနေနဲ့ တစ်ပွဲလုံးစာမှာ အကြိမ်ရေ ၃၈ကြိမ်သာ ဘောလုံးပေးပို့နိုင်လို့ ပျမ်းမျှ ပေးပို့နိုင်မှုကလည်း ၂မိနစ် အကြာမှသာ တစ်ကြိမ်နှုန်းလောက် ရှိနေခဲ့တာပါ။

မနှစ်ကတုန်းကလည်း လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပေးပို့မှု အများဆုံး အဖြစ် ၄၉ကြိမ်အထိ ရှိခဲ့ပါသေး တယ်။

ယခု ဆောက်သမ်တန်နဲ့ပွဲမှာလည်း သူ့ဆီကတဆင့် ဘောလုံးရှင်းထုတ်မှု မသေသပ်ခဲ့လို့ ဆောက်သမ်တန် အသင်း ဦးဆောင်ဂိုးရခဲ့တာပါ။

အသက် ၂၂နှစ်အရွယ်သာ ရှိသေးပေမယ့် အာနိုးလ်ဟာ လီဗာပူးအသင်းအတွက်ရော အင်္ဂလန် လက်ရွေးစင်အ သင်းကြီးအတွက်ပါ အဓိက ကစားသမားအဖြစ် ပါဝင်နေရပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ဆောက်သမ်တန်ကို ရှုံးခဲ့လို့ အဆင့် ၂က ယူနိုက်တက်အသင်းထက် တစ်ပွဲပိုကစားပြီး အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အဆင့်၁မှာ ရှိမြဲ ရှိနေပါတယ်။



က္က