လိဂ်ဖလား ဆီမီးဖိုင်နယ်အဖြစ် ကစားရမှာပါ။
Kyaw Ko Ko Sint

ဒီပွဲဟာ မော်ရင်ဟိုကိုယ်တိုင်အတွက်ရော စပါးအသင်းအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ပွဲစဥ်တစ်ပွဲဖြစ်ပြီး အနိုင်ရခဲ့ပါက မန်ချက်စတာ ဒါဘီက အနိုင်ရအသင်းနဲ့ လိဂ်ဖလား ဗိုလ်လုပွဲဆင်နွှဲရမှာပါ။

စပါးကို စတင်ရောက်ရှိပြီးချိန်ကစပြီး ယနေ့အချိန်ထိ ယှဥ်ပြိုင်လာရတဲ့ပွဲတွေထဲမှာမှ လာမယ့် ဘရန့်ဖို့ဒ်နဲ့ ကစားရ မယ့်ပွဲက အကြီးမားဆုံး ပြိုင်ပွဲပဲလို့ စပါးနည်းပြ မော်ရင်ဟိုက ထုတ်ဖော်ပြောလာပါတယ်။



တကယ်တော့ ဒီပွဲက ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် ကစားရမှာ ဖြစ်လို့ အနိုင်ရခဲ့ပါက တစ်ဖက် မန်ချက်စတာဒါဘီက အနိုင်ရလာတဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာပါ။

ဒီအထိလည်း အပွဲပွဲနွှဲလာတဲ့ မော်ရင်ဟိုအတွက် မဆိုသာသေးပေမယ့် စပါးအသင်းရဲ့ ၁၃နှစ်ကြာ ဖလားလက်မဲ့နေ မှုက မော်ရင်ဟိုအတွက်စကားပြောလာတာပါ။

စပါးအသင်းဟာ လွန်ခဲ့တဲ့ ၁၃နှစ်က ကာရာဘောင်ဖလား ဆွတ်ခူးနိုင်ပြီးကတည်းက ယနေ့အချိန်ထိ အဓိက ဆုဖလား တစ်ခုမှ ဆွတ်ခူးထားနိုင်ခြင်း လုံးဝမရှိတာပါ။

“ဒီပွဲက စပါးမှာ ကျွန်တော့်အတွက် အကြီးမားဆုံးပွဲတစ်ပွဲပါ၊ကလပ်အသင်းအတွက်လည်း အောင်မြင်မှု လမ်းစ တစ်ခု ဖြစ်လာမှာပါ။”လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။

မော်ရင်ဟိုကတော့ လိဂ်ဖလားကို ချဲလ်ဆီးအသင်းမှာရှိစဥ် ဆွတ်ခူးနိုင်ခဲ့သလို ယူနိုက်တက်အသင်းနဲ့လည်း ဆွတ် ခူးနိုင်ခဲ့ပါသေးတယ်။

ယခုနှစ်မှာတော့ မော်ရင်ဟိုဟာ စပါးအသင်းနှင့်အတူ လိဂ်ဖလားကို ထပ်မံဆွတ်ခူးနိုင်ပါက အင်္ဂလန်မှာ လိဂ်ဖလားကို အများဆုံး ပိုင်ဆိုင်နိုင်တဲ့ နည်းပြ ဖြစ်လာတော့မှာပါ။

လက်ရှိအချိန်ထိ လိဂ်ဖလားကို အများဆုံး ဆွတ်ခူးထားနိုင်တဲ့ နည်းပြတွေက ယူနိုက်တက်နည်းပြဟောင်း ဖာဂူဆန်၊မော်ရင်ဟိုနဲ့နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်း ဘရိုင်ယန်တို့ပဲ ဖြစ်ပြီး ၄ကြိမ်စီ ဆွတ်ခူး ထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က