၁၂လအတွင်း ၄ပွဲမြောက် ဆီမီးဖိုင်နယ် ရှုံးနိမ့်မှုပါ။

လိဂ်ရဲ့ အကောင်းဆုံးအသင်းကို ရင်ဆိုင်ရချိန်မှာ အနိုင်ရဖို့ ဆိုရင်ပိုကောင်းဖို့ လိုပါတယ်၊ဒါပေမယ့် ကျွန်တော် တို့ အဲ့လောက် မစွမ်းဆောင်နိုင်ခဲ့လိုပါလို့ ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်စီးတီးကို ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ ၂-၀နဲ့ အရေးနိမ့်ခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပါပြီ။



“တော်တော်လေး နီးစပ်ခဲ့ပေမယ့် လုံလောက်မှုတော့ မရှိခဲ့ပါဘူး။”လို့ ပွဲအပြီးမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ မန်စီးတီးနဲ့ပွဲမှာ အကောင်းဆုံး ပုံစံနဲ့ တုံ့ပြန်ကစားနိုင်ခဲ့ဂိုးကန်သွင်းခွင့်တွေလည်း ၁၁ကြိမ်ထိရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးက ဂိုးပေါက်ကန်သွင်းမှု ၁၂ကြိမ်မှာ ၄ကြိမ်ဂိုးပေါက်တည့်ပြီး ၂ကြိမ်ဂိုးဝင်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ၂ကြိမ်သာ ဂိုးပေါက်တည့်အောင်ကန်နိုင်ကာ ဂိုးတော့ မဖန်တီးနိုင်ခဲ့ပါဘူး။

“ကြံ့ခိုင်မှုနဲ့တော့ မဆိုင်ပါဘူး၊ဒါပေမယ့် ဒီလိုမျိုး ရေရှည်ဆိုရင် အကျင့်ပုံစံမျိုး ဖြစ်လာနိုင်ပါတယ် ဒါဆိုရင်တော့ တစ်ခါတရံ ခက်ခဲနိုင်ပါတယ်။”လို့ ဆိုးလ်ရှားက ဆက်လက်ပြောပါတယ်။

ယူနိုက်တက်အနေနဲ့ ပွဲချိန်အတွင်းမှာလည်း ဘောလုံးပိုင်ဆိုင်မှု ၃၉ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယခုရှုံးပွဲကြောင့် ၁၂လ အတွင်း ကစားခဲ့သမျှ ဆီမီးဖိုင်နယ် ၄ပွဲစလုံး အရေးနိမ့်ခဲ့ရပါတယ်။

ဆိုးလ်ရှားအနေနဲ့ကလည်း ယူနိုက်တက်အသင်းနှင့်အတူ ပထမဆုံး ဆုဖလားကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပြန်ပါတယ်။

“ဒီရှုံးပွဲက ကျွန်တော်တို့ကို နိုင်ပွဲဆာလောင်မှု ပိုမိုပေးစွမ်းပါတယ်၊နိုင်ပွဲဆာလောင်မှုကိုတော့ ပြန်လည်တည် ဆောက်ရပါမယ်။”လို့ တစ်ချိန်က ကစားသမားဘဝမှာ ယူနိုက်တက်နှင့် ဆုဖလား ၃လုံး တစ်နှစ်တည်း ပိုင်ဆိုင် ခဲ့ဖူးတဲ့ ဆိုးလ်ရှားက ဆက်လက်ပြောပါတယ်။

ယခုရှုံးပွဲဟာလည်း တိုက်ဆိုင်မှုသာ ဖြစ်ပြီး အခြား နောက်ခံ ပြဿနာတွေ ရှိနေခြင်းမျိုး လုံးဝမရှိဘူးလို့လည်း ဆိုးလ်ရှားက ဆက်လက်အတည်ပြု ပြောခဲ့ပါသေးတယ်။

“အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်မှု အားနည်းခဲ့ပါတယ်၊မန်စီးတီးအနေနဲ့ အခုထက်ပိုပြီး အခွင့်အရေးတွေ ပို ရနိုင်ဖို့ ရှိခဲ့တာကိုလည်း လက်ခံရပါမယ်။လိဂ်ရဲ့ အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ရချိန်မှာ အနိုင်ယူဖို့ဆိုရင် သူ့ထက်ပိုကောင်းမှ ဖြစ်ပါလိမ့်မယ် ကျွန်တော်တို့ အဲ့လောက် မရခဲ့ပါဘူး။”လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဗိုလ်လုပွဲမှာတော့ ဘရန့်ဖို့ဒ်ကို အနိုင်ယူခဲ့တဲ့ လန်ဒန်ကလပ် စပါးအသင်းနဲ့ ယှဥ်ပြိုင်ရဖို့ရှိ နေပြီး ဂွါဒီယိုလာအနေနဲ့ ၄နှစ်ဆက် လိဂ်ဖလားကို ကိုင်မြှောက်နိုင်မလား စပါးအသင်းကပဲ ၁၃နှစ်ကြာဝေးကွာ နေ တဲ့ ဆုဖလားကို ပြန်လည်ရယူနိုင်မလား စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Share

Loading Next Article...
က္က