ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ၂-၀နဲ့ အရေးနိမ့်ခဲ့တာပါ။
Kyaw Ko Ko Sint

မန်စီးတီးနဲ့ပွဲမှာ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် လုံလောက်အောင် ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့တဲ့အပေါ် ကိန်းက ဝေဖန်ပြစ်တင်ပြောဆိုလာတာပါ။

ကွင်းလယ်ကစားဟန် ညက်ညောမှုကြောင့် တစ်ချိန်က ဂန္တဝင်ကစားသမားကြီး အဲရစ် ကန်တိုနာနဲ့ အနှိုင်းခံနေရ တာ တကယ်တော့ မထိုက်တန်ဘူးလို့ ဘရူနိုကို ရွိုင်ကိန်းက မန်စီးတီးနဲ့ပွဲအပြီးမှာ ဝေဖန်လိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ မန်စီးတီးကို ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ ၂-၀နဲ့ အရေးနိမ့်ခဲ့လို့ ၁၂လအတွင်း ကစားသမျှ ဆီမီးဖိုင်နယ် ၄ပွဲစလုံး အရေးနိမ့်ခဲ့ရပါတယ်။

ဒီအချိန်မှာ ၂၀၂၀ ဇန်နဝါရီမှာ လစ္စဘွန်းကနေ ရောက်ရှိလာပြီး ကွင်းလယ်ကစားဟန် ကောင်းမွန်မှုကြောင့် အသင်းတွင်း ရေပန်းစားနေတဲ့ ဖာနန်ဒက်စ်ဟာ စီးတီးနဲ့ပွဲမှာ ကွင်းလယ် အသာစီး ရရှိအောင် မစွမ်းဆောင် ပြနိုင်ခဲ့တာကို ရွိုင်ကိန်းက ထောက်ပြလာပါတယ်။

ဖာနန်ဒက်စ်ကို ပရိသတ်တွေက တစ်ချိန်က ဂန္တဝင်ကစားသမားကြီး ကန်တိုနာနဲ့တောင်တင်စားနေကြတာ ဖြစ် ပေမယ့် ဖာနန်ဒက်စ်ဟာ မန်ချက်စတာဒါဘီမှာ အသင်းကို ကောင်းစွာ အကျိုးပြုနိုင်ခဲ့ခြင်း မရှိခဲ့တာပါ။

“ဘောလုံးမှာ ဆုဖလားရဖို့ မလွယ်ပါဘူး၊လွန်ခဲ့တဲ့ လအနည်းငယ်‌လောက်တုန်းက ဖာနန်ဒက်စ်အနေနဲ့ တကယ့် ဂုဏ်ပြုမှုတွေ ရရှိခဲ့ပါတယ်။ဒါ့အပြင် ပရိသတ်တွေက သူ့ကို ကန်တိုနာနဲ့တောင် ခိုင်းနှိုင်းကြပါသေးတယ်။ဒါပေ မယ့် စီးတီးနဲ့ပွဲမှာ အဲ့လောက်လည်း မဟုတ်တာတွေ့ရပါတယ်။ တကယ့် ကစားသမားကြီးတွေဆိုတာ လက်ထဲ မှာ အနည်းဆုံး ဆုဖလားတွေတော့ ကိုင်ထားနိုင်ပါတယ်။ကန်တိုနာကို ဒါကို သက်သေပြထားပြီးသားပါ။အခု ဖြစ်နိုင် တာက ယူနိုက်တက်အနေနဲ့ ဆုဖလားလိုချင်ရင် တစ်ဦး(သို့)နှစ်ဦးလောက်တော့ အသင်းကို ထပ်ဖြည့်ဖို့လိုပါမယ်။ ဆီမီးဖိုင်နယ်မှာ အနိုင်ယူနိုင်ဖို့ဆိုရင် စိတ်စွမ်းအားနဲ့ ယုံကြည်မှု မြင့်မားဖို့ လိုပါတယ်။”လို့ ရွိုင်ကိန်းက Sky Sports ရဲ့ သတင်းအစီအစဥ်မှာ ပြောသွားပါတယ်။

လက်ရှိ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းနဲ့တော့ ကန်တိုနာနဲ့ ခိုင်းနှိုင်းနေကြတာကို မလုပ်သင့်သေးပဲ ရပ်တန့်သင့်တယ်လို့ လည်း ကိန်းက ပရိသတ်တွေကို တိုက်တွန်းလိုက်ပါသေးတယ်။

ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၄၆ပွဲကစားအပြီးမှာ ၂၇ဂိုးသွင်းကာ ၁၇ဂိုးထိ ဖန်တီးပေး ထားနိုင်ပေမယ့် ကိန်းကတော့ စိတ်ကြိုက် မဖြစ်သေးတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က