လိဂ်နောက်ဆုံး ၆ပွဲမှာ နိုင်ပွဲတစ်ပွဲသာ စွမ်းဆောင်ထားနိုင်တာပါ။

ဆိုးရွားနေတဲ့ အသင်းရဲ့ ရလဒ်ပိုင်းတွေကို အကောင်းဆုံး ပြန်လည်တည်‌ဆောက်ဖို့ အချိန်တောင် ရပါ့မလားလို့ လမ်းပတ်က စိတ်ပူနေတာပါ။

ရှုံးနိမ့်မှုများစွာကို ပြန်အဖတ်ဆယ်မှ နည်းပြနေရာ တည်မြဲတော့မှာ ဖြစ်တာကြောင့် လမ်းပတ်အနေနဲ့ မဖြစ်မနေ နိုင်ပွဲတွေ ရှာဖွေနိုင်ဖို့ လိုနေပါပြီ။



ဒါပေမယ့်လည်း နိုင်ပွဲတွေ ပြန်ရှာဖို့ လုံလောက်တဲ့ အချိန်တစ်ခုတောင် မရလိုက်ခင်မှာပဲ နည်းပြနေရာက ဖယ်ပေး ရဖို့ လမ်းမြင်နေပြီလို့ လမ်းပတ်ကတော့ ထုတ်ဖော်ပြောလာပါတယ်။

လမ်းပတ်ရဲ့ ချဲလ်ဆီးဟာ လိဂ် နောက်ဆုံး ၆ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရထားလို့ ၎င်းနေရာမှာ အခြား နည်းပြ တစ်ဦးနဲ့ အစားထိုးဖို့ အသင်းပိုင်ရှင်က ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ လိဂ်တူးကလပ် မိုရီကမ်ဘီအသင်းနဲ့ အက်ဖ်အေဖလား တတိယအဆင့် ကစားဖို့ ရှိနေပြီး အဆို ပါပွဲရဲ့ ရလဒ်နဲ့ ခြေစွမ်းက နည်းပြ လမ်းပတ်ရဲ့ အနာဂတ်ဖြစ်လာနိုင်ပါတယ်။

“စိတ်ရှည်မှုက အဆင်ပြေမယ်ဆိုပေမယ့် ကျွန်တော်ကတော့ ဘောလုံးအတွက်သာ ပြောနိုင်ပါတယ်။ဘာလို့လဲဆို တော့ ကျွန်တော့်စီရင်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ချက်တွေက အခြားသူတစ်ဦးရဲ့ လက်ထဲမှာမို့လို့ပါ။ကျွန်တော်ကတော့ နေ့ တိုင်း နိုးထဖို့ ဆုံးဖြတ်ချက်နဲ့ အသင်းကို အကောင်းဆုံး ဖြစ်လာဖို့ပဲ လုပ်ဆောင်နေသူပါ။လက်ရှိအချိန်မှာ နည်းပြ တစ်ဖွဲ့လုံး အရမ်းကို ခက်ခဲနေရပါပြီ။”လို့ လမ်းပတ်က ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း အသင်းအနေနဲ့ ၁၆ပွဲဆက်တိုက်လောက် ရှုံးပွဲမရှိခဲ့ဖူးပါဘူး။အခုနောက်ဆုံး ကစားထား တဲ့ ၆ပွဲမှာ ၄ပွဲသာရှုံးပါတယ်။တစ်ပွဲနိုင်ပြီး တစ်ပွဲသရေကျပါတယ်။ဒါက အမှန်ကန်ဆုံးသော အချက်အလက်ပါပဲလို့ လည်း လမ်းပတ်က ပြောပါသေးတယ်။

ချဲလ်ဆီးအသင်းရဲ့ လက်ရှိ လူစာရင်းအရ ပျမ်းမျှအသက် ၂၆နှစ်သာ ရှိပြီး ယခုနှစ်မှာမှ ကစားသမားသစ်တွေကို ပေါင် သန်း ၂၀၀လောက်သုံးစွဲပြီး လမ်းပတ်က ဝယ်ယူထားပါသေးတယ်။

အဆိုပါ ကစားသမားတွေအနေနဲ့ ထိပ်တန်းခြေစွမ်းရှိတယ်ဆိုပေမယ့်လည်း ပရီးမီးယားလိဂ် အတွေ့အကြုံနုနယ် ကြသေးတဲ့အပေါ်မှာလည်း လမ်းပတ်က ထောက်ပြ ပြောဆိုပါတယ်။

“၁၁ယောက်လောက်က အတွေ့အကြုံ နုပါသေးတယ်။နောက်ပြီး ပရီးမီးယားလိဂ်နဲ့ တစ်နှစ်လောက်သာ အတွေ့ အကြုံရှိထားသူတွေပဲ ရှိပါတယ်။ဒါပေမယ့်လည်း အေဗရာမိုဗစ်ရဲ့ စိတ်ရှည်နိုင်မှုက အကန့်အသတ်နဲ့ရှိပါတယ်။ ဒီ အတွက် ကျွန်တော် ဘယ်လိုမှ စည်းရုံးလို့ရမှာမဟုတ်ပါဘူး။ဒါကြောင့် ကျွန်တော့်အနေနဲ့ အကောင်းဆုံး ပြန်လည်တည်ဆောက်ဖို့တောင် အချိန်ရမယ်မထင်ပါဘူး။”လို့ လမ်းပတ်က ဆက်လက်ဆိုပါတယ်။

လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၇ပွဲကစား ၇ပွဲနိုင် ၅ပွဲသရေ ၅ပွဲရှုံးပြီး ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၉နေရာမှာ ရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က