ယူနိုက်တက်အတွက် ပင်နယ်တီ ၁၁လုံးကန်သွင်းထားရာမှာ ၁လုံးသာ လွဲချော်ထားပါတယ်။
Kyaw Ko Ko Sint

၂၀၂၀ ဇန်နဝါရီလ ၂၉ရက်နေ့မှာ ဖာနန်ဒက်စ်ကို ယူရို သန်း၈၀ခေါ်ယူနိုင်ရေး သဘောတူညီမှုရခဲ့ပြီလို့ ယူနိုက် တက်အသင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ၁ရက်မှာ ကစားတဲ့ ဝုလ်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်ဟာ အသင်းအတွက် ပထမဆုံး ဝင်ကစားခဲ့ ပြီး မိနစ် ၉၀လည်း ပါဝင်နိုင်ခဲ့ပါတယ်။



ပထမဆုံး ဂိုးဖန်တီးမှုကိုတော့ ဖေဖော်ဝါရီ ၁၇မှာကစားတဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ရရှိခဲ့ပြီး ဒုတိယမြောက်အနိုင်ဂိုးရှင် မက်ဂွဲယားရဲ့ ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့တာပါ။

အဓိကကတော့ ဘရူနိုကိုတည်ပြီး ယူနိုက်တက်အသင်းရဲ့ ကစားဟန်ဟာ သိသိသာသာ ပြောင်းလဲသွားခဲ့တာပါ။

ဒီနိုင်ပွဲတွေရဲ့ နောက်မှာ ဖာနန်ဒက်စ်နဲ့ ဘယ်လို ကိန်းဂဏန်းတွေကို စွမ်းဆောင်ပေးထားလဲဆိုတာ ဆက်လက် ကြည့်ရှုလိုက်ရအောင်။

သွင်းဂိုးနဲ့ ဖန်တီးမှု စွမ်းဆောင်ရည်မှတ်တမ်း

------------------------

ဖာနန်ဒက်စ်ဟာ ၂၀၁၉-၂၀ဘောလုံးရာသီရဲ့ ဇန်နဝါရီစျေးကွက်မှ ယူနိုက်တက်ကို ရောက်ရှိခဲ့တာ ဖြစ်လို့ အဆိုပါ ဘောလုံးရာသီမှာတော့ စုစုပေါင်း ပြိုင်ပွဲစုံ ၁၄ပွဲပါဝင်ခဲ့ရာမှာ ၈ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ လိဂ်မှာ ၄ဂိုးသွင်းနိုင် ပြီး ယူရိုပါလိဂ်မှာ ၃ဂိုးနဲ့ အက်ဖ်အေမှာ ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယခုနှစ်မှာတော့ ပြိုင်ပွဲစုံ ၁၆ပွဲ ကစားအပြီး ၁၁ဂိုးထိသွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်အတွက် ကစားပေးထားသမျှ ပွဲပေါင်း ၃၀မှာ သွင်းဂိုးက ၁၉ဂိုးနဲ့ ဖန်တီးမှု ၁၄ကြိမ်ထိ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

တစ်ဦးချင်းဆုရရှိမှုများ

----------------------

ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိချိန်ကစပြီး လအလိုက် အကောင်းဆုံးဆုတွေကိုလည်း မကြာခဏဆို သလို ဆွတ်ခူးလာနိုင်ပါတယ်။ ၂၀၂၀ခုနှစ် တစ်နှစ်တည်းမှာပင် တစ်လတာအကောင်းဆုံးဆုကို ၃ကြိမ်ထိ ရယူခဲ့ ပြီးပါပြီ။ဖေဖော်ဝါရီ၊ဇွန်နဲ့ နို ဝင်ဘာလရဲ့ တစ်လတာ အကောင်းဆုံးကစားသမားဆုတွေကို ပိုင်ဆိုင်ထားပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် စာရင်းမှာလည်း ပါဝင်လာ ပြန်ပါ တယ်။ဒီဆုကိုသာ ရမယ်ဆိုရင် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း တစ်လတာအကောင်းဆုံးဆုကို ၄ကြိမ် ရရှိမယ့် ပထမ ဆုံး ကစားသမားလည်း ဖြစ် လာတော့မှာပါ။

ဒါ့အပြင် မတ်ဘတ်စ်ပီရဲ့ ၂၀၁၉-၂၀ဘောလုံးရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုနဲ့ဖီဖာFIFPro World 11 ၂၀၂၀ မှာလည်း ပါဝင်နိုင်ခဲ့ပြန်ပါတယ်။

ယူနိုက်တက်ကို အမှတ်ပေးဇယား ဦးဆောင်စေသူ

----------------------------

စစ်တမ်းကောက်ယူမှုအရ ယူနိုက်တက်ကို ဖာနန်ဒက်စ် စတင်ရောက်ရှိချိန်ကစပြီး လက်ရှိ ပွဲ ၃၀ အထိ ကစားထားတဲ့ အတိုင်းကို လိဂ်မှာ အစဥ်လိုက် စီလိုက်မယ်ဆိုရင် ယူနိုက်တက်က လိဂ်ကို ဦးဆောင်ထားနိုင်ပါ တယ်။ ဖာနန်ဒက်စ်ပါဝင်ကစားထားခဲ့တဲ့ ပွဲတွေမှာ ယူနိုက်တက်ဟာ ၁၉ပွဲနိုင် ၈ပွဲသရေကျပြီး ၃ပွဲသာ ရှုံးထား ပါတယ်။

လက်ရှိလည်း ယူနိုက်တက်က အမှတ်ပေးဇယားမှာ ထိပ်ဆုံးက လီဗာပူးနဲ့ တစ်ပွဲလျော့ ရမှတ်တူနေပါတယ်။ လက်ကျန်တစ်ပွဲကိုနိုင်တာနဲ့ ၃မှတ်နဲ့အသာရပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်တော့မှာပါ။

ဒါဟာလည်း ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ အနိုင်ဂိုးကြောင့် လီဗာပူး ခြေချော်တာကို အခွင့် ကောင်းယူနိုင်သွားတာလည်း ဖြစ်ပါတယ်။

တစ်ပွဲပျမ်းမျှ ၂.၁၇မှတ် ရယူပေးထား

------------------

ဖာနန်ဒက်စ် ယူနိုက်တက်ကို စရောက်ကတည်းက ယနေ့အထိ ပွဲပေါင်း ၃၀ပါဝင်ကစားထားရာမှာ ယူနိုက်တက် အနေနဲ့ ရမှတ်ပေါင်း ၆၅မှတ်ထိ ရရှိထားပါတယ်။ဒါဟာ တစ်ပွဲကို ပျမ်းမျှ ရမှတ် ၂.၁၇မှတ်ရရှိထားတယ်လို့ ဆိုနိုင် ပါတယ်။တစ်ရာသီကို ၃၈ပွဲကစားရတဲ့ လိဂ်မှာ ဒီလို ရလဒ်နှုန်းအတိုင်းဆိုရင် ၈၂မှတ်ထိရရှိအောင် စွမ်းဆောင် နိုင် ပါတယ်။ အချက်အလက်တွေအရဆိုရင် ၂၈နှစ်တာ လိဂ်သမိုင်းမှာ ၇ကြိမ်ဟာ ၈၂မှတ်ဟာ လိဂ်ချန်ပီယံဖြစ်ခဲ့ကြ လို့ လုံလောက်တယ်လို့ သိရပါတယ်။

အံ့မခန်း ပင်နယ်တီ စွမ်းဆောင်ရည်

----------------

ဖာနန်ဒက်စ်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ပင်နယ်တီ စုစုပေါင်း ၃၈လုံးထိ ကန်သွင်းထားရာမှာ ၃၅ လုံးက ဂိုးဝင်ပြီး ၃လုံးက လွဲချော်ထားပါတယ်။ ဒီအထဲမှာမှ ယူနိုက်တက်အသင်းကို ‌ရောက်ရှိပြီးချိန်မှာတော့ ပင် နယ်တီ ၁၆လုံး တိတိကန်သွင်းထားပြီး ဖြစ်ပါတယ်။

အဆိုပါ ၁၆လုံးမှာ ၁၅လုံးထိ ဂိုးဝင်ပြီး နယူးကာဆယ်နဲ့ တစ်ပွဲတည်းမှာပဲ ပင်နယ်တီ လွဲချော်ထားလို့ သူ့ရဲ့ ပင်နယ် တီ စွမ်းဆောင်ရည်ဟာ ၉၁ရာခိုင်နှုန်းအထိ ဂိုးဝင်မှု ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က