Kyaw Ko Ko Sint

မက်ခ်ရိုက်ခ်ဟာ ငယ်စဥ်က စပါးအကယ်ဒမီက ထွက်ခဲ့ရပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မစွန့် လွှတ်ချင်လို့ အခုလို ဘောလုံးဆက်ကစားနေခြင်း ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ကို လိဂ်တူးကလပ် ခရော်လီအသင်းက ၃-၀နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဥ်မှာ သတင်းထောက်တစ်ဦး ပါဝင်ကစားသွားခဲ့တယ်လို့ သိရပါတယ်။

မတ်ခ်ရိုက်ခ်ဆိုတဲ့ အဆိုပါ ရုပ်သံ သတင်းထောက်ဟာ လိဒ်နဲ့ပွဲမှာ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် ပွဲကို ပါဝင် ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၃၃နှစ်အရွယ် မက်ခ်ရိုက်ခ်ဆိုတဲ့ တီဗွီအစီအစဥ်တင်ဆက်သူလည်းဖြစ် အနုပညာ သတင်းထောက်လည်း ဖြစ်သူဟာ မင်းသမီး မီရှဲလ်ကီးဂန်းနဲ့ လက်ထက် ထားသူလည်း ဖြစ်ပါတယ်။

ငယ်စဥ်ကတည်းက ပရော်ဖက်ရှင်နယ် ဘောလုံး ကစားဖို့ အိပ်မက် မက်နေခဲ့သူ မက်ခ်ဟာ လက်တွေ့မှာတော့ ရုပ်သံသတင်း တင်ဆက်သူအဖြစ်သူ ရပ်တည်နေခဲ့ရတာကြောင့် ဒီနေ့ဟာ သူ့အတွက်တော့ မမေ့နိုင်ဖွယ်ရာ နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။

“စပါးက ထွက်လာခဲ့ရတဲ့ နေ့က ကျွန်တော့်ဘဝမှာ အဆိုးရွားဆုံး နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။မျက်ရည်တွေနဲ့ အတူ အော်ဟစ်ငိုယိုခဲ့ရပါတယ်။မိသားစုနဲ့လည်း မတွေ့ချင်ခဲ့ပါဘူး၊သူငယ်ချင်းတွေကိုလည်း မမြင်ချင်ခဲ့ပါဘူး။စိတ် အရမ်း ပျက်ခဲ့ရပါတယ်။”လို့ မက်ခ်ရိုက်ခ်က ထုတ်ဖော်ပြောလာပါတယ်။

တကယ်တော့ မက်ခ်ဟာ ငယ်စဥ်ကလေးဘဝက အာဆင်နယ်၊ဝက်စ်ဟမ်းနဲ့ စပါး အကယ်ဒမီအသင်းတွေမှာ ကစား ခဲ့သူတစ်ဦးပါ။

ငယ်စဥ်က လူငယ်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်တောင် တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့် ၂၀၀၅ခုနှစ် မှာတော့ စပါးအကယ်ဒမီကနေ ထွက်ခဲ့ရပါတယ်။

အဲ့နောက် လိဂ်တူးကလပ် ဆောက်သမ်းယူနိုက်တက်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး လက်ရှိ ကစားနေတဲ့ ခရော်လီအသင်းကိုတော့ မနှစ်က စတင်ရောက်ရှိခဲ့တာပါ။

တကယ်တော့ သူဟာာ ပရော်ဖက်ရှင်နယ် ကလပ်အသင်းတွေမှာ ကစားနေတယ်ဆိုပေမယ့် သူ့ရဲ့ တကယ့် ဝင်ငွေ ရတဲ့ အဓိက အလုပ်က တီဗွီအစီအစဥ် တင်ဆက်တဲ့အလုပ်ပါ။

လက်ရှိမှာလည်း တနင်္လာနေ့ ညနေတိုင်းမှာ Heartရေဒီယိုကနေ တင်ဆက်နေတဲ့ အစီအစဥ်မှာ ပုံမှန် တင်ဆက်သူ လုပ်နေပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကိုလည်း မစွန့်လွှတ်နိုင်လို့ အခုလို ခရော်လီအသင်းမှာ စာချုပ် ချုပ်ဆိုထားသူပါ။

လိဒ်နဲ့ပွဲမှာ နာကျင်အချိန်ပိုကျမှ လူစားလဲ ကစားခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်က ကလပ်အသင်းကြီး တစ်သင်းနဲ့ ယှဥ်ပြိုင်ကစားခွင့်ရခဲ့တာဟာ မက်ခ်အတွက်တော့ မိနစ်အနည်းငယ်မျှဆိုပေမယ့် လုံးဝ ကျေနပ်မှုရစေမယ့် အခွင့် အရေးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ခရော်လီအသင်းကတော့ လိဒ်ကို ၃-၀နဲ့ အနိုင်ရခဲ့လို့ အက်ဖ်အေဖလား စတုတ္ထ အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါ တယ်။


Author


က္က