ဗီလာ စီနီယာတစ်သင်းလုံးနီးပါး ကိုဗစ်ကူးစက်ခံထားရလို့ပါ။

လာမယ့်ကြာသပတေးနေ့ နံနက် မြန်မာစံတော်ချိန် ၂နာရီ ၄၅မိနစ်မှာ ဗီလာအသင်းဟာ စပါးအသင်းနဲ့ ပရီးမီး ယားလိဂ် ပွဲစဥ် ၁၈အဖြစ် ရင်ဆိုင်ကစားဖို့ ရှိပါတယ်။

ပုံမှန်လိဂ်ပွဲစဥ်တစ်ပွဲဖြစ်ပေမယ့်လည်း ဗီလာအသင်းရဲ့ တစ်သင်းလုံးနီးပါးဟာ ကိုဗစ် ကူးစက်ခံနေရလို့ ဘောလုံး ကစားနိုင်ခြင်း မရှိသလို လေ့ကျင့်မှုလည်း မလုပ်နိုင်ကြပါဘူး။



နည်းပြချုပ်အပါအဝင် ကစားသမားတွေ၊ဝန်ထမ်းတွေ အတော်များများ ကိုဗစ် ကူးစက်ခံထားရလို့သီးသန့်နေထိုင် နေကြရတာကြောင့် ပြီးခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဥ်အဖြစ် လီဗာပူးနဲ့ကစားခဲ့ရတဲ့ပွဲကိုတောင် ယူ-၂၃အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အက်ဖ်အေက မကစားနိုင်ရင် ပွဲဖျက်ပြီး လီဗာပူးကို အနိုင်ပေးဖို့သာ စီစဥ်နိုင်တဲ့အတွက်ဗီလာအသင်းဟာ ပွဲအ ဖျက်မခံခဲ့ပဲ ယူ-၂၃နည်းပြချုပ်ကို တာဝန်ပေးကာ ယူ-၂၃နဲ့အကယ်ဒမီက ကလေးတချို့ကို ပေါင်းစပ်ပြီး လီဗာပူး ကို ရင်ဆိုင်ခဲ့ပါတယ်။

ယခုလည်း စပါးအသင်းနဲ့ ထပ်မံ ရင်ဆိုင်ရဖို့ ရှိနေပြီး ဒီအချိန်ထိ အက်ဖ်အေက ဒီပွဲစဥ်အတွက် ပွဲရွှေ့ဖို့ တစ်စုံတရာ မပြောလာသေးတဲ့အတွက် အသင်းကို ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်မယ်လို့ စပါးနည်းပြ မော်ရင်ဟိုကတော့ ပြောလာပါတယ်။

“ဘယ်သူမှ ပွဲနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ကျွန်တော့်ကို ပေးလာခြင်း မရှိသေးပါဘူး။ဒါကြောင့် ပုံမှန် အချိန်ဇယားအတိုင်း ကစားဖို့ရှိတဲ့ ဒီ ဗီလာနဲ့ပွဲအတွက် ကျွန်တော်တို့အသင်းကိုလည်း ပုံမှန် ပြင်ဆင်မှုတွေ ပြုလုပ် သွားပါမယ်။”လို့ မော်ရင်ဟိုက ဆိုပါတယ်။

ဗီလာအသင်းအနေနဲ့ ယူ-၂၃နဲ့ အကယ်ဒမီက ကလေးတွေ ပေါင်းပြီး လီဗာပူးကို ရင်ဆိုင်ခဲ့ရာမှာ အချို့ ကလေးတွေ ဟာ အသက်မပြည့်သေးလို့ မိဘတွေကိုယ်တိုင် ဘောလုံးကွင်းကို လိုက်ပို့ပေးခဲ့ရတယ်လို့လည်း သိရပါ‌သေးတယ်။

အဆိုပါ လီဗာပူးနဲ့ပွဲတုန်းက လီဗာပူးအသင်းဖက်ကို တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူးဝစ်ဘယ်ရီအနေနဲ့ စပါးနဲ့ပွဲမှာ ထပ်မံ ဂိုးသွင်းနိုင်ဦးမလား အခြား ဘယ်ကစားသမားတွေက သူတို့ဘဝမှာ အမှတ်တရ ငယ်ဘဝတွေကို ပိုင်ဆိုင် သွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

ယနေ့အချိန်ထိတော့ ဗီလာ-စပါးပွဲကို ကစားစေမလား ပွဲ‌ရွှေ့မလားဆိုတာတော့ သတင်းထုတ်ပြန်ပေးလာခြင်း မရှိ သေးပေမယ့် အင်္ဂလန်မှာ ကိုဗစ် ကူးစက်မှု ပြန်မြင့်နေလို့ လိဂ်တွေအချို့ကိုတော့ ပွဲရွှေ့မှုတွေ လုပ်နေကြတာ ရှိပါ တယ်။



က္က