ပရီးမီးယားလိဂ်ပွဲကန်ပြီး တစ်ပတ်အကြာမှာ ထပ်မံရင်ဆိုင်ရမှာပါ။

ယူနိုက်တက်က အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပြိး အစဉ်အလာပြိုင်ဘက်နှစ်သင်းဟာ စောစောစီးစီးပဲ ဒီပြိုင်ပွဲမှာ တွေ့ဆုံနေကာ ဘယ်အသင်း ကျန်နေရစ်ခဲ့မလဲ စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့ပါတယ်။ 


အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွေကို မနေ့ညက မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူးလ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ ယူနိုက်တက်က အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပြိး အစဉ်အလာပြိုင်ဘက်နှစ်သင်းဟာ စောစောစီးစီးပဲ ဒီပြိုင်ပွဲမှာ တွေ့ဆုံနေကာ ဘယ်အသင်း ကျန်နေရစ်ခဲ့မလဲ စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့ပါတယ်။ 



စတုတ္ထအဆင့်မှာ စိတ်ဝင်စားဖို့အကောင်းဆုံးပွဲဖြစ်သလို လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် အန်ဖီးလ်မှာကစားအပြီး ၂၃ ရက်နေ့မှာ သူတို့နှစ်သင်း ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်ကလည်း အမှတ်ပေးဖလားအတွက် အပြိုင်အဆိုင်ဖြစ်နေချိန်မှာ ရင်ဆိုင်ရမှာဖြစ်လို့ အကြိတ်အနယ်ရှိမှာဖြစ်သလို တစ်ပတ်သာခြားပြီး အက်ဖ်အေဖလားပွဲကစားရမှာဖြစ်လို့လည်း ပိုပြီးစိတ်ဝင်စားစရာဖြစ်နေပါတယ်။ 

ပရီးမီးယားလိဂ်အသင်းတွေရဲ့ အခြားသောပွဲစဉ်တွေအဖြစ် မန်စီးတီးက အဝေးကွင်းမှာ ချယ်လ်တင်ဟမ်၊ အာဆင်နယ်ကလည်း အဝေးကွင်းမှာ ဆောက်သမ်တန် (သို့) ရှရူးဘူးရီ၊ ဝုလ်ဗ်က ချော်လေ၊ ဘရိုက်တန်က ဘလက်ပူးလ်၊ တော့တင်ဟမ်က ၀ိုင်ကွမ်ဘီ၊ ဖူလ်ဟမ်နဲ့ ဘန်လေ၊ ရှက်ဖီးက ပလိုင်းမောက်၊ ချယ်လ်ဆီးက လူတန်၊ ဝက်စ်ဟမ်း နဲ့ ဒွန်ကတ်စတာ၊ လက်စတာက ဘရန်ဖို့ဒ်၊ အဲဗာတန်က ရှက်ဖီးဝမ်းနက်စ်ဒေးတို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 

ယူနိုက်တက် နဲ့ လီဗာပူးလ်တို့တွေ့ဆုံမှုမှာ အနိုင်ရရှိတဲ့အသင်းက ပဥ္စမအဆင့်မှာ စတော့ပို့တ် (သို့) ဝက်စ်ဟမ်းနဲ့ ဒွန်ကတ်စတာပွဲစဉ်က အနိုင်ရအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပွဲချောင်ဖွယ်ရာရှိနေပါတယ်။ အဲဗာတန်နဲ့ တော့တင်ဟမ်၊ ဝုလ် (သို့) ဆောက်သမ်တန်-အာဆင်နယ်တို့လည်း ရင်ဆိုင်ရဖွယ်ရှိနေပြီး ကျန်ပရီးမီးယားလိဂ်အသင်းတွေကတော့ နောက်တဆင့်တက်ခဲ့မယ်ဆိုရင် အသင်းငယ်လေးတွေနဲ့သာ ရင်ဆိုင်ရဖို့လည်းရှိနေပါတယ်။ 

Share

Loading Next Article...
က္က