၂၀၁၃ မှာ ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာခဲ့တာပါ။

အာဆင်နယ်မှာ အနိမ့်အမြင့်၊ အတက်အကျတွေ များစွာရှိခေဲ့ပေမယ့်လည်း သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ အိုဇေးလ်က အခိုင်အမာယုံကြည်နေတာလည်းဖြစ်ပါတယ်။


အာဆင်နယ်ကနေ တူရကီကလပ်ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူမီဆွတ်အိုဇေးလ်က အမ်းမရိတ်စ်ကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် လုံးဝနောင်တရခဲ့ခြင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။ အာဆင်နယ်မှာ အနိမ့်အမြင့်၊ အတက်အကျတွေ များစွာရှိခေဲ့ပေမယ့်လည်း သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ အိုဇေးလ်က အခိုင်အမာယုံကြည်နေတာလည်းဖြစ်ပါတယ်။



အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ မတ်လ ၇ ရက်နေ့နောက်ပိုင်းကစပြီး အာဆင်နယ်အတွက် ကစားပေးရခြင်းမရှိတော့သူလည်းဖြစ်ပါတယ်။ နွေရာသီမှာ သူ့ရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး တူရကီကလပ်ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေပြီး ကစားသမားကိုယ်တိုင်ကလည်း တူရကီ ဒါမှဟုတ် မေဂျာလိဂ်ကို ပြောင်းရွှေ့ချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

"ဂျာမနီမှာ ကလေးဘဝကတည်းက ဖီနာဘာချီပရိသတ်အဖြစ်နဲ့ ကျွန်တော်ကြီးပြင်းခဲ့တာပါ၊ ဂျာမနီ-တူရကီတိုင်းက တူရကီအသင်းတစ်သင်းကို အားပေးရင်း ကြီးပြင်းလာခဲ့ကြတာပါ၊ ကျွန်တော့်စိတ်ထဲမှာလည်း ဖီနာဘာချီက ကြီးစိုးနေခဲ့ပါတယ်၊ ဒီအသင်းက စပိန်ရဲ့ ရီးရဲလ်မက်ဒရစ်လိုပါပဲ၊ တူရကီရဲ့ အကြီးကျယ်အခမ်းနားဆုံးအသင်းပါ" လို့ အိုဇေးလ်က လူမှုကွန်ရက်က အမေးအဖြေကဏ္ဍမှာ ပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော်အနားမယူခင် ကစားချင်တဲ့ တိုင်းပြည်နှစ်ခုရှိပါတယ်၊ တူရကီနဲ့ အမေရိကပါ၊ တကယ်လို့ ကျွန်တော် တူရကီကိုပြောင်းမယ်ဆိုရင် ဖီနာဘာချီကလွဲပြီး ဘယ်အသင်းကိုမှ မသွားပါဘူး" လို့လည်း အိုဇေးလ်ကဆိုပါတယ်။ အိုဇေးလ်ဟာ ၂၀၁၃ မှာ ရီးရဲလ်ကနေ အာဆင်နယ်ကို ပေါင် ၄၂.၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၅၄ ပွဲမှာ ၄၄ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 


အာဆင်နယ်မှာ ကစားရတာ ပျော်ရွှင်လားဆိုတဲ့ မေးခွန်းအပေါ်မှာလည်း အိုဇေးလ်က "အာဆင်နယ်မှာ အနိမ့်အမြင့်အတက်အကျတွေ အများကြီးရှိခဲ့ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော့်ဆုံးဖြတ်ချက်အတွက် နောင်တမရပါဘူး၊ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင် ဖေဖော်ဝါရီနဲ့ မတ်လအတွင်းက ၂၀၂၀ မှာ ကျွန်တော်စိ်တ်အကျေနပ်ရဆုံးအချိန်တွေပါပဲ၊ ဒါပေမယ့် အဲဒီနောက်တော့ အားလုံးပြောင်းလဲခဲ့ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က