ချစ်ခြင်း အများဆုံး ခံနေရသူကတော့ ရှက်ဖီးလ် နည်းပြ ခရစ္စဝိုင်လ်ဒါ ဖြစ်ပါတယ်။

အဓိကကတော့ လမ်းပတ်သုံးစွဲထားတဲ့ ငွေကြေးနဲ့ အသင်းရဲ့ အဆင့်ရပ်တည်နေရမှုဟာ မကိုက်ညီတဲ့အပေါ်မှာ ပရိသတ်တွေက သရော်နေကြတာလို့ စစ်တမ်းမှာ ကောက်ချက်ချထားပါတယ်။

အံ့အားသင့်ဖွယ်ရာ အချက်အလက်အသစ်တွေရဲ့ ဖော်ပြလာချက်အရ ပရီးမီးယားလိဂ်မှာရှိတဲ့ နည်းပြတွေထဲမှာ ချဲလ်ဆီးအသင်းရဲ့ နည်းပြ ဖရန့်ခ်လမ်းပတ်ဟာ အလှောင်ပြောင်အခံရဆုံး နည်းပြ တစ်ဦးဖြစ်နေတယ်လို့ သိရပါ တယ်။



ချဲလ်ဆီးအသင်းဟာ ၁၇ပွဲကစားပြီးချိန်မှာ အဆင့် ၉၌ရပ်တည်နေပြီး သုံးစွဲထားတဲ့ ငွေကြေးနဲ့ အသင်းရလဒ်ပိုင်း ကိုက်ညီမှု ရှိမနေမှုအပေါ် အများက သရော်နေကြတာလို့လည်းသိရပါတယ်။

တွစ်တာမှာနည်းပြတွေအပေါ် လူပေါင်း ထောင်နဲ့ချီတင်ထားသမျှ သရော်စာပို့စ်တွေကို အခြေခံပြီး RantCasino .comက စာရင်း ပြုစု ဖော်ပြလာတာပါ။

အဆိုပါ စာရင်းအရ လူပေါင်း ၈၆၄ယောက်ရဲ့ လမ်းပတ်ကို မန်းရှင်းခေါ်ပြီး ဖော်ပြထားတဲ့ တွိစ်တွေအနက် ၃၆၅ ခု(၄၂ရာခိုင်နှုန်း)ဟာ မကောင်းမြင်တဲ့ ဖက်မှာ ရှိနေပါတယ်။

ဒါ့အပြင် လမ်းပတ်ရဲ့ နာမည်နှင့်အတူ ငိုနေတဲ့ သင်္ကေတကို အသုံးပြုမှုဟာလည်း အများဆုံး ဖြစ်တယ်လို့ သိရပါ တယ်။

ဒီအချက်တွေဟာ အသင်းရဲ့ နောက်ဆုံး ကစားထားခဲ့တဲ့ လိဂ် ၆ပွဲမှာ နိုင်ပွဲတစ်ပွဲသာရပြီး ၄ပွဲထိ ရှုံးနိမ့်ခဲ့မှုအပေါ် အဓိက သက်ရောက်နေတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြလာပါတယ်။

လမ်းပတ်ရဲ့ နောက်မှာတော့ နယူးကာဆယ်အသင်း နည်းပြ စတိဗ်ဘရုစ်က ဒုတိယနေရာကနေ အလှောင်ပြောင် အခံရဆုံး နည်းပြအဖြစ် ရပ်တည်နေရပါတယ်။

စတိဗ်အပေါ်မှာလည်း လူပေါင်း ၃၂ရာခိုင်နှုန်းလောက်က တွစ်တာမှာ မကောင်းမြင်တဲ့ဖက်ကနေ ဖော်ပြထားတာ တွေ့ရပါတယ်။

သူတို့နှစ်ဦးရဲ့ နောက်မှာတော့ ဗီလာနည်းပြ ဒီယန်စမစ်နဲ့ယူနိုက်တက်နည်းပြ ဆိုးလ်ရှားတို့က လှောင်ပြောင်ခံရမှု ရာခိုင်နှုန်း ၂၈ စီနဲ့ တတိယနေရာမှာ ကိုယ်စီ ရပ်တည်နေကြပါတယ်။

အံ့အားသင့်ဖွယ်ရာတစ်ခုကတော့ လိဂ်မှာ ၁၇ပွဲကစား ၁၅ပွဲရှုံးပြီး ၂ပွဲသရေကျကာ နိုင်ပွဲလုံးဝမရှိထားတဲ့ ရှက်ဖီး အသင်းရဲ့ နည်းပြ ခရစ္စဝိုင်လ်ဒါအပေါ်မှာတော့ မုန်းစွဲ မများကြပဲ သူဟာ လိဂ်ရဲ့ ပရိသတ် အချစ်ဆုံး နည်းပြ တစ်ဦးအဖြစ် ထိပ်ဆုံးက ရပ်တည်နေတာပါ။

သူ့အပေါ်မှာတော့ လူအယောက် ၈၇၀မှာ ၅၉၀(၆၈.၆ရာခိုင်နှုန်း)ယောက်က အကောင်းမြင်ကြပြီး ၁၁.၁၆ရာခိုင် နှုန်းလောက်သာ မကောင်းမြင်နေကြပါတယ်။

Share

Loading Next Article...
က္က