ဖာနန်ဒက်စ်ကို ဝယ်ယူသလိုမျိုး ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
Pyae Phyo Thein

အမှတ်ပေးဇယားမှာ လီဗာပူးလ်နဲ့ အပြိုင်ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ဒီနေ့ညကစားရမယ့် ဘန်လေနဲ့ပွဲကို အနိုင်ပါက ဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 


ယူနိုက်တက်အနေနဲ့ အမှတ်ပေးဖလားကိုစိန်ခေါ်နိုင်ဖို့ရာ ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဖာနန်ဒက်စ်ကိုခေါ်ယူခဲ့သလိုမျိုး ပြုလုပ်ဖို့ မလိုအပ်ဘူးလို့ နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ အမှတ်ပေးဇယားမှာ လီဗာပူးလ်နဲ့ အပြိုင်ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ဒီနေ့ညကစားရမယ့် ဘန်လေနဲ့ပွဲကို အနိုင်ပါက ဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်တော့မှာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီဝက်ကာလမှာ ဖာနန်ဒက်စ် ရောက်ရှိလာခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ ရလဒ်တွေဟာ တော်တော်လေးကောင်းမွန်လာခဲ့ပြီး ရှုံးပွဲမရှိစံချိန်တွေလည်း ပိုင်ဆိုင်ခဲ့ကာ ရာသီကုန် အဆင့် ၃ နေရာရပ်တည်နိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ အကျိုးသက်ရောက်မှုကကြီးမားခဲ့ပြီး ဘယ်သူမှထင်မှတ်မထားတဲ့ အဆင့်တစ်ခုနဲ့ အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ လီဗာပူးလ်နဲ့အပြိုင်ဖြစ်နေတဲ့ သူ့အသင်းအတွက် ဖာနန်ဒက်စ်လိုခေါ်ယူမှုမျိုး မလိုအပ်တဲ့ အကြောင်းကို ဆိုးလ်ရှားက အခုလိုပြောဆိုခဲ့ပါတယ်။ "ပြီးခဲ့တဲ့တစ်နှစ်နဲ့ လက်ရှိအခြေအနေတွေက ကွဲပြားခြားနားပါတယ်၊ ဒါကြောင့် တစ်ခုခုဖြစ်လာမှာမျိုးတော့မရှိပါဘူး၊ ဒါပေမယ့် ခင်ဗျားပြောတာမှန်ပါတယ်၊ ဘရူနိုရောက်လာလို့ အသင်းမှာကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိခဲ့ပါတယ်"

"ကျွန်တော်တို့ ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်ခဲ့ပြီး သူလည်းပဲ ပိုကောင်းတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်" လို့ ဆိုးလ်ရှားက ဆိုပါတယ်။ ဘန်လေနဲ့ ကစားရမယ့် ပွဲစဉ်အတွက်လည်း "အဲဒီပွဲမှာ အမှတ်ရဖို့ လိုအပ်ပါတယ်၊ ဒီပွဲမတိုင်ခင် ကျွန်တော်တို့က အမှတ်ပေးဇယားထိပ်ကို ရောက်နိုင်တယ်လို့ ပြောနေကြတာတွေရှိပါတယ်၊ ဒါပေမယ့်လည်း အဲဒါက ရပ်တည်မှုတစ်ခုပါ၊ ကျွန်တော်တို့ ကိုယ့်နေရာကိုယ်ရောက်အောင် လုပ်ခဲ့တာပါပဲ"

"မနက်ဖြန်ညကျရင် ငါတို့ အမှတ်ပေးဇယားဘယ်နေရာမှာရှိနေမလဲဆိုတဲ့ အတွေးမျိုးနဲ့ ဒီပွဲကို ကျွန်တော်တို့ ဒီပွဲကိုကစားမှာမဟုတ်ပါဘူး၊ ဒါပေမယ့် မေလအတွင်း ဘယ်နေရာမှာ အဆုံးသတ်မလဲဆိုတာကတော့ အရေးကြီးပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘန်လေကို အနိုင်ရရှိခဲ့မယ်ဆိုရင် လီဗာပူးလ်ကို ၃ မှတ်ဖြတ်ကာ ဦးဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ 


Author


က္က