နောက်ဆုံး စစ်ဆေးတဲ့ ၂ကြိမ်မှာ ၂၆ဦး ပိုးတွေ့ထားတာပါ။
Kyaw Ko Ko Sint

တစ်ပတ်ကို ၂ကြိမ်နှုန်းနဲ့ အသင်းတိုင်းကို စစ်ဆေးနေတာ ဖြစ်လို့ တစ်ရာသီလျှင် ၈၅ကြိမ်အထိ စစ်ဆေးမှု ပြုလုပ်လျက်ရှိနေတာပါ။

အင်္ဂလန်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်လျက်ရှိနေပေမယ့်လည်း ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတော့ ပြိုင်ပွဲ ကို ရုတ်တရက် ရပ်လိုက်ဖို့ ဆန္ဒလုံးဝမရှိတာ တွေ့မြင်ရပါတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲရဲ့ အဆင့်အောက်ခြေကို ရောက်နေတဲ့ ကလပ်အသင်းအချို့ကတော့ မြင့်မားနေတဲ့ကိုဗစ် ဒဏ်ကြောင့် ပွဲကို ရပ်တန့်စေလိုနေပါတယ်။

သူတို့က နောက်ဆုံး ဆေးစစ်ချက် ၂ကြိမ်မှာ ကလပ်အသင်း ၂၀မှ ကစားသမားနှင့်ဝန်ထမ်းထဲတွင် ပိုးတွေ့သူ ၂၆ဦး ထိရှိလာတဲ့အပေါ် ထောက်ပြ နေကြပါတယ်။

စကော့တလန်မှာတော့ ပရီးမီးယားနဲ့ချန်ပီယံရှစ်ကလွဲပြီး ကျန်လိဂ်အားလုံးကို ကိုဗစ်ကြောင့် ၃ပတ်ခန့် ရပ်နား လိုက်တာကိုလည်း ထောက်ပြနေပါတယ်။

ပြိုင်ပွဲကို ရပ်တန့်ပေးဖို့ အဓိက လှုံ့ဆောင်နေသူကတော့ ဝက်စ်ဘရွန်းအသင်းရဲ့ နည်းပြကြီး ဆမ်အလိုက်ဒိုက်လို့ လည်း သိရပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ အမှုဆောင်ချုပ်ရစ်ချက်မာစတာနဲ့သူ့အဖွဲ့ကတော့ လိဂ်ကို ရပ်ဖို့ ဆန္ဒလုံးဝရှိမ နေပဲ ပြဿနာနဲ့ပတ်သက်ပြီး အငြင်းအခုံ ဖြစ်နေစေပါတယ်။

ထိပ်သီး ၆သင်းကတော့ လိဂ်မှ အခြားကလပ်အသင်းတွေက လိဂ်ကို ရပ်နားဖို့ လုပ်ဆောင်နေတာတွေကို တားမြစ် နိုင်ဖို့ နည်းလမ်းကို ရှာဖွေနေတယ်လို့ သိရပါတယ်။

အမည်မဖော်လိုသူ ကလပ်အသင်း တစ်သင်းရဲ့ အမှုဆောင်ချုပ်တစ်ဦးကလည်း - “လက်ရှိ အခြေအနေအရဆိုရင် ကျွန်တော်တို့ဟာ ဥရောပဖလားပွဲမစခင်အထိ ရာသီပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။ရာသီမပြီးရင် တန်းဆင်း တန်း တက်လည်း မရှိလာနိုင်တော့ပါဘူး။ဒါဟာ လုံးဝကို မယုံကြည်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။”လို့ ပြော လာပါတယ်။

ဗြိတိန်အစိုးရဖက်ကလည်း လိဂ်ကို ဆက်လက် လုပ်ဆောင်ဖို့ ခွင့်ပြုပေးထားတာကြောင့်လည်း လိဂ်ဟာ ရပ် စရာ မဖြစ်မနေ မလိုအပ်နေသေးတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လိဂ်ဟာ ကလပ်အသင်းတစ်သင်းကို တစ်ပတ်လျှင်၂ကြိမ်စီ ရောဂါပိုး စစ်ဆေးလျက်ရှိ နေတာကြောင့် တစ်ရာသီလျှင် ၈၅ကြိမ်အထိ အစစ်ဆေးခံနေရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က