လီဗာပူးလ်နဲ့ပွဲအတွက် အင်အားအပြည့်ရှိနေစေချင်တာပါ။

မက်ဂွိုင်းယားဟာ ဒီရာသီမှာ အဝါကတ် ၄ ကတ်အထိ ပြသခံထားရပြီး ဘန်လေနဲ့ပွဲမှာသာ အဝါထိခဲ့မယ်ဆိုရင် လီဗာပူးလ်နဲ့ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။


ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဒီနေ့ညကစားရမယ့် ဘန်လေနဲ့ပွဲမှာ သူ့ကစားသမားတွေကို မလိုအပ်ဘဲ အဝါကတ်မထိစေဖို့အတွက် သတိပေးပြောဆိုလိုက်ပါတယ်။ ဘန်လေနဲ့ကစားအပြီးမှာ လီဗာပူးလ်နဲ့ အရေးကြီးပွဲစဉ်ကို ကစားရမှာဖြစ်ပြီး အထူးသဖြင့် အသင်းခေါင်းဆောင်နောက်ခံလူမက်ဂွိုင်းယားရဲ့ စိုးရိမ်စရာအနေအထားအပေါ်မှာ ဆိုးလ်ရှားက အလေးအနက်ထားပြောဆိုခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ဒီရာသီမှာ အဝါကတ် ၄ ကတ်အထိ ပြသခံထားရပြီး ဘန်လေနဲ့ပွဲမှာသာ အဝါထိခဲ့မယ်ဆိုရင် လီဗာပူးလ်နဲ့ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့အသင်းခေါင်းဆောင်ကို အနားပေးဖို့အစီအစဉ်မရှိတာကြောင့် မလိုအပ်ဘဲ လူချကစားခြင်း မပြုစေဖို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပြီး အမှတ်ပေးဖလားအတွက် အဆုံးအဖြတ်ဖြစ်လာစေနိုင်တဲ့ ပွဲကို ပါဝင်စေချင်နေပါတယ်။ 

"ဟယ်ရီသေချာပေါက်ပါဝင်လာမှာပါ၊ ဒါကသေချာပါတယ်၊ ကျွန်တော်တို့အနေနဲ့ ကိုယ်ကစားမယ့်ပွဲကနေပဲ သုံးမှတ်ရရှိမှာပါ၊ ဒီပွဲမကစားရသေးဘဲ နောက်ပွဲအတွက်ကြိုကြည့်ပြီး ငါတော့ သုံးမှတ်ရမှာပဲလို့ တွေးထားလို့မရပါဘူး၊ ဒီပွဲအတွက်ပဲ ကျွန်တော်စဉ်းစားထားပြီး အင်္ဂါနေ့ညမှာ အမှတ်ပေးဇယားရပ်တည်မှု ဘယ်လိုဖြစ်လာမလဲဆိုတာကိုလည်း ကျွန်တော်တွေးမထားပါဘူး၊ ဒါပေမယ့် မေလမှာတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ အရေးကြီးပါတယ်"

"ငါတို့ကတော့ ရမှတ်တစ်မှတ်ပဲကွာနေသေးတာပါဆိုပြီး တွေးထားမယ်ဆိုရင်တော့ ခင်ဗျားဒုက္ခရောက်သွားမှာပဲ၊ ဒါကြောင့် ကျွန်တော်တို့ အလေးထားအာရုံစိုက်နေပါတယ်၊ အသင်းတွင်းမှာလည်း ကောင်းမွန်တဲ့စရိုက်လက္ခဏာတချို့ရှိနေပြီး အဝတ်လဲခန်းကလည်း အသံကျယ်လောင်နေပါပြီ" လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဘန်လေကို အနိုင်ရရှိခဲ့မယ်ဆိုရင် လီဗာပူးလ်ကို ၃ မှတ်ဖြတ်တောက်နိုင်တော့မှာပါ။ ဒီပွဲအပြီး အန်ဖီးလ်မှာ လီဗာပူးလ်ကိုသွားရောက်ရင်ဆိုင်ရမှာလည်းဖြစ်လို့ အဓိကကစားသမားတွေ မပါဝင်မယ့်အဖြစ်မျိုးကနေ ဆိုးလ်ရှားက ရှောင်လွှဲချင်နေပြီး ပြစ်ဒဏ်ရှောင်ကစားဖို့ အလေးထားမှာကြားခဲ့တာလည်းဖြစ်ပါတယ်။ 



က္က