ဦးဆောင်ဂိုးရပြီးမှ ချေပဂိုးပြန်ပေးရတဲ့ ပွဲတွေ ပိုမိုများပြားလာခဲ့ပါတယ်။
Pyae Phyo Thein

ဝုလ်နဲ့ပွဲစဉ်မှာလည်း ပွဲချိန် ၈၆ မိနစ်မှ ချေပဂိုးပြန်ပေးခဲ့ရလို့ နစ်နာခဲ့ရသလို ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာလည်း ၈၁ မိနစ်မှ ဂိုးပြန်ပေးခဲ့ရပြီး နောက်ပိုင်းပွဲစဉ်တွေထဲမှာ ရမှတ် ၆ မှတ်အထိ ဆုံးရှုံးခဲ့ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ 


အိမ်ကွင်းမှာ ဖူလ်ဟမ်ကို တစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပြီးနောက် စပါးနည်းပြမော်ရင်ဟိုဟာ အသင်းသားတွေရဲ့ ခြေစွမ်းအပေါ်ဒေါသထွက်ခဲ့ပြီး ပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပြန်ပါတယ်။ ဟယ်ရီကိန်းရဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့တဲ့ စပါးဟာ ဒုတိယပိုင်းမှာ ချေပဂိုးပြန်လည်ပေးခဲ့ရပြီး ဇယားထိပ်ပိုင်းကအသင်းတွေကို ဖိအားပေးနိုင်ရမယ့်အချိန်မှာ အမှတ်တွေလျော့ခဲ့ရလို့ မော်ရင်ဟိုတစ်ယောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ 

မော်ရင်ဟိုရဲ့အသင်းဟာ ဒီရာသီမှာ ဦးဆောင်ဂိုးတွေရပြီးမှ ချေပဂိုးတွေပြန်ပေးရလို့ ရမှတ်ဆုံးရှုံးမှုတွေ အများအပြားရှိနေခဲ့ပြီး နစ်နာခဲ့ရပါတယ်။ ဝုလ်နဲ့ပွဲစဉ်မှာလည်း ပွဲချိန် ၈၆ မိနစ်မှ ချေပဂိုးပြန်ပေးခဲ့ရလို့ နစ်နာခဲ့ရသလို ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာလည်း ၈၁ မိနစ်မှ ဂိုးပြန်ပေးခဲ့ရပြီး နောက်ပိုင်းပွဲစဉ်တွေထဲမှာ ရမှတ် ၆ မှတ်အထိ ဆုံးရှုံးခဲ့ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာတော့ မော်ရင်ဟိုက "နောက်တစ်ခါ ဂိုးသွင်းခွင့်ပြုခဲ့ရပြန်ပါပြီ၊ ဒါက လုံးဝရှောင်ရှားနိုင်ရမှာပါ၊ ဒုတိယပိုင်းမှာ သူတို့က ပိုပြီးကစားနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်၊ သူတို့အရေးနိမ့်နေခဲ့ပြီး ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် လိုရစ်က မကာကွယ်နိုင်ခဲ့သလို ကျွန်တော်တို့က ပွဲကိုလည်း အသေမသတ်နိုင်ခဲ့ပါဘူး၊ ကျွန်တော်တို့ ထောင့်ကန်ဘောကာကွယ်ဖို့ နောက်တစ်ကြိမ်ရှုံးနိမ့်ခဲ့ရပါတယ်"

"ပွဲကိုသေချာပေါက်အနိုင်ရနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိခဲ့ပါတယ်၊ အဲဒါက သူတို့ရဲ့တစ်ဦးချင်းအရည်အသွေးနဲ့ တစ်ဦးချင်းအမှားတွေပါပဲ၊ ဒီထက်ပိုပြီးတော့လည်း ကျွန်တော်မပြောနိုင်တော့ဘူး" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ စပါးအနေနဲ့ ဒီရလဒ်ကြောင့် အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ရပြီး ဇယားထိပ်ဆုံးက ယူနိုက်တက်နဲ့ ၆ မှတ်အထိ ကွာဟနေဆဲဖြစ်ပါတယ်။ 

"ဖူလ်ဟမ်က လုံလောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝခဲ့ပြီး သူတို့နည်းလမ်းအတိုင်း ကစားနိုင်ခဲ့ပါတယ်၊ ပြောင်းလဲနိုင်ခဲ့တယ်၊ ခံစစ်ကို ပိုပြီးကစားနိုင်ခဲ့ပြီး သူတို့လိုချင်တဲ့ ရလဒ်ရသွားပါတယ်၊ သူတို့ကံနည်းနည်းကောင်းခဲ့တယ်ဆိုပေမယ့် သူတို့က တကယ်ကောင်းမွန်ခဲ့တာပါ၊ ကျွန်တော်တို့ကတော့ ရလဒ်ဆိုးပဲ ရခဲ့ပြီး ဒီလိုရလဒ်တွေကို ရှောင်ရှားနိုင်ဖို့လိုနေပါပြီ" လို့ မော်ရင်ဟိုက ထပ်ပြောသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က