အသင်း ၆ သင်းခန့် အပြိုင်အဆိုင်ဖြစ်နေပါတယ်။
Pyae Phyo Thein

ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးက ဖြည်းဖြည်းနဲ့မှန်မှန် နိုင်ပွဲတွေယူနေပြီး မနေ့ကပွဲမှာ ဘရိုက်တန်ကို အနိုင်ယူပြီး တစ်ပွဲလျော့ကစားကာ အဆင့် ၃ နေရာကို ဒီရာသီမှာ ပထမဆုံးအကြိမ်တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးဟာ ယူနိုက်တက်နဲ့ ၄ မှတ်၊ လီဗာပူးလ်နဲ့ ၁ မှတ်သာကွာဟနေပြီး လာမယ့်တစ်ပတ်မှာ ထိပ်ဆုံးနှစ်သင်းထိပ်တိုက်တွေ့နေမှုက သူတို့အတွက် အခွင့်ကောင်းဖြစ်လာခဲ့ပါပြီ။


လာမယ့်တစ်ပတ် စူပါဆန်းဒေးမှာ ရင်ဆိုင်ရတော့မယ့် လီဗာပူးလ်နဲ့ ယူနို်က်တက်တို့ရဲ့ ပွဲစဉ်က ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲစဉ်တွေက တစ်ပွဲအဖြစ်ရှိနေပါတယ်။ ယူနိက်တက်က လီဗာပူးလ်ကို ၃မှတ်ဖြတ်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် အောက်အသင်းတွေနဲ့ ရမှတ်သိပ်မကွာဟလို့ နှစ်သင်းစလုံးအတွက် အရေးကြီးနေတဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။ 

ဒါပေမယ့် အခုအခါမှာတော့ သူတို့နှစ်သင်းစလုံးဟာ အဆိုပါပွဲစဉ်အတွက် ကိုယ်စီအခက်အခဲတွေရှိနေပြီလည်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ ဗဟိုခံစစ်ကစားသမားအားလုံး ဒဏ်ရာရရှိနေပြီး ခံစစ်ပိုင်းပြသနာရှိနေကာ ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့လို ကွင်းလယ်ကစားသမားတွေကို ခံစစ်ကစားခိုင်းနေရပြီး နောက်ပိုင်းပွဲစဉ်တွေမှာ အနည်းငယ်ရုန်းကန်ခဲ့ရကာ ရမှတ်တွေလျော့နည်းခဲ့ရပါတယ်။

ယူနိုက်တက်ကလည်း ဘန်လေကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကွင်းလယ်လူမာတစ် နဲ့ တိုက်စစ်မှူးမာရှယ်တို့ ဒဏ်ရာကိုယ်စီရရှိခဲ့ကြလို့ လီဗာပူးလ်နဲ့ပွဲအတွက် မသေမချာဖြစ်နေပါတယ်။ ဒ့ါအပြင် တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ ပုံမှန်ခြေစွမ်းပျောက်နေပြီး ဖာနန်ဒက်စ်ကလည်း ပွဲပန်းမှုဒဏ်ကြောင့် ပုံမှန်ခြေစွမ်းရဖို့ကို မနည်းရုန်းကန်နေရလို့ သူတို့နှစ်သင်းစလုံးဟာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ကြပါဘူး။

အချိန်ကိုက်ဆိုသလို ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးက ဖြည်းဖြည်းနဲ့မှန်မှန် နိုင်ပွဲတွေယူနေပြီး မနေ့ကပွဲမှာ ဘရိုက်တန်ကို အနိုင်ယူပြီး တစ်ပွဲလျော့ကစားကာ အဆင့် ၃ နေရာကို ဒီရာသီမှာ ပထမဆုံးအကြိမ်တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးဟာ ယူနိုက်တက်နဲ့ ၄ မှတ်၊ လီဗာပူးလ်နဲ့ ၁ မှတ်သာကွာဟနေပြီး လာမယ့်တစ်ပတ်မှာ ထိပ်ဆုံးနှစ်သင်းထိပ်တိုက်တွေ့နေမှုက သူတို့အတွက် အခွင့်ကောင်းဖြစ်လာခဲ့ပါပြီ။

ဒါကြောင့် လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ပွဲဟာ သူတို့နှစ်သင်းတည်းအတွက် ရပ်တည်မှုအနေအထားတင်မဟုတ်ဘဲ အောက်အသင်းတွေနဲ့ အမှတ်ကွာဟချက်တွေကိုပါ ပိုမိုနီးကပ်လာစေမယ့်ပွဲဖြစ်လို့ ဖိအားတွေအကြီးအကျယ်ရှိနေပါပြီ။ အထူးသဖြင့် မန်စီးတီးရဲ့ ဆက်တိုက်ဖိအားပေးနေမှုက သူတို့ကို ပိုမိုအခက်တွေ့စေမှာ သေချာနေကာ ဒီရာသီပရီးမီးယားလိဂ်ဆုဖလားတိုက်ပွဲက ထင်မှတ်ထားတာထက် ပိုမိုပြင်းထန်နေဦးမှာဖြစ်ပါတယ်။

အဆင့် ၆ နေရာမှာရှိနေတဲ့ စပါးအသင်းကလည်း ယူနိုက်တက်နဲ့ ၆ မှတ်သာကွာဟနေလို့ အချိန်မရွေးလိုက်မီနိုင်စွမ်းရှိနေပြန်ပါသေးတယ်။ လက်စတာနဲ့ အဲဗာတန်တို့ကလည်း မန်စီးတီးနဲ့အမှတ်တူရပ်တည်နေလို့ ဆုဖလားအတွက် အသင်း ၆ သင်းအပြိုင်အဆိုင်ဖြစ်နေပြီး ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုနဲ့ အခက်အခဲတွေက ပိုပိုပြီးတော့ ကြီးထွားလို့လာနေပါပြီ။ 


Author


က္က