လက်စတာနဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဆောက်သမ်တန်နည်းပြက အတည်ပြုပေးခဲ့တာပါ။
Kyaw Ko Ko Sint

သောကြာနေ့မှာတော့ အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မယ်လို့ သိရပေမယ့်လည်း လက်စတာနဲ့ပွဲကို တော့ ပါဝင်ကစားခွင့်ရမှာ မဟုတ်ပါဘူး။

ဆောက်သမ်တန်နဲ့ အင်္ဂလန်တိုက်စစ်မှူး ဒန်နီအင့်စ်မှာ ကိုဗစ် ကူးစက်ခံထားရတယ်လို့ ဆောက်သမ်တန်အသင်း ရဲ့ မန်နေဂျာ ဟာဆန်ဟတ်တန်က အတည်ပြုပြောလာပါတယ်။



လက်ရှိမှာတော့ အသက် ၂၈နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးဟာ သီးသန့်နေထိုင်နေရပြီး မကြာခင် သောကြာနေ့ လောက်ဆိုရင်တော့ အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်လည်ပူးပေါင်းနိုင်လိမ့်မယ်လို့လည်းသိရပါတယ်။

လေ့ကျင့်ခန်း ပူးပေါင်းနိုင်ရင်တောင် လာမယ့် စနေနေ့(မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ နံနက်)မှာကစားမယ့် လက်စတာအသင်းနဲ့ပွဲကိုတော့ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဆောက်သမ်တန်အသင်းကတော့ ဇန်နဝါရီလ ၄ရက်နေ့က လီဗာပူးကို အင့်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီးကတည်းက ပွဲကစားရခြင်း လုံးဝမရှိထားပါဘူး။

အကြောင်းကတော့ ဇန်နဝါရီလ ၉ရက်နေ့တုန်းက ကစားရမယ့် ရှရူဘူရီအသင်းနဲ့ အက်ဖ်အေဖလား တတိယအ ဆင့်ပွဲစဥ်ဟာ ရှရူဘူရီအသင်းမှာ ကိုဗစ်တွေ့လို့ ပွဲရွှေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။

အဆိုပါပွဲစဥ်ကိုလည်း လာမယ့် ဇန်နဝါရီလ ၁၉ရက်နေ့မှာ အစားထိုးပြန်ကစားဖို့ စီစဥ်ထားပြီး ဖြစ်ပါတယ်။

အင့်စ်ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃ပွဲကစားပေးထားရာမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုးကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလက ကစားခဲ့တဲ့ ဝေးလ်နဲ့ပွဲမှာ သွင်းခဲ့နိုင်တာပါ။

ဒါ့အပြင် ယခုနှစ်ရာသီမှာလည်း ဆောက်သမ်တန်အသင်းအတွက် လိဂ်သွင်းဂိုး ၇ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး ထိပ်တန်းဂိုးသွင်းရှင် စာရင်းဝင်နေပါတယ်။


Author


က္က