နောက်ရာသီမှာမှ ပိုမိုဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

လက်ရှိမှာ ယူနိုက်တက်က အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပြီး ဒုတိယနေရာက လီဗာပူးလ်ကို ၃ မှတ်ဖြတ်တောက်ထားပြီး အကောင်းဆုံးပုံစံရရှိနေတာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က သူ့ရဲ့အသင်းဟောင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဆုဖလားမရနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပြီး ဒုတိယနေရာက လီဗာပူးလ်ကို ၃ မှတ်ဖြတ်တောက်ထားပြီး အကောင်းဆုံးပုံစံရရှိနေတာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အန်ဒီကိုးလ်ကတော့ ယူနိုက်တက်အပေါ် ယုံကြည်စိတ်နည်းပါးနေပြီး ဆုဖလားမရနိုင်တဲ့အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ talkSPORT နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အန်ဒီကိုးလ်က ပြောဆိုခဲ့တာဖြစ်ပြီး ဒါဟာ ဖာဒီနန်၊ နဗီးလ် နဲ့ ရွိုင်ကိန်းတို့လို ကစားသမားဟောင်းတွေက အသင်းဟောင်းအပေါ် အားပေးနေချိန်မှာ ကိုးလ်ကတော့ ဆန့်ကျင်ဘက်ပြောဆိုခဲ့မှုလည်းဖြစ်လာခဲ့ပါတယ်။ 

"ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ယူနိုက်တက်က ဒီရာသီပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်သလားဆိုရင်တော့ မဖြစ်နိုင်ပါဘူးပဲ ပြောရမှာပါ၊ ယူနို်က်တက်က ဇယားထိပ်မှာ ဦးဆောင်နေပြီး အိုလီစဉ်းစားသလို လွန်ခဲ့တဲ့လအနည်းငယ်က သူတို့ဘယ်မှာရှိခဲ့လဲဆိုတာ စဉ်းစားကြည့်ဖို့ကောင်းပါတယ်၊ လူတိုင်းက ဆိုးလ်ရှားကို ယူနိုက်တက်နည်းပြမဖြစ်သင့်ဘူးလို့ ပြောခဲ့ကြတယ်"

"ဒီအသံတွေက သူ့အတွက်တော့ ကြီးမားကျယ်လောင်ခဲ့သလို ကစားသမားတွေလည်း အဲဒီလိုဖြစ်နေခဲ့မှာပါပဲ၊ ဒါကြောင့်လည်း သူတို့တွေ တစ်ဦးနဲ့တစ်ဦးယုံကြည်မှုတွေပေးပြီးတော့ အခုလိုနေရာမျိုးကို ရောက်လာခဲ့တာပါ၊ မန်စီးတီးလိုအသင်းတောင်မှ ပြီးခဲ့တဲ့နှစ်ပတ်၊ သုံးပတ်လောက်ထိ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး၊ တကယ်တို့ သူတို့ကပွဲကျန်ကနေ အမှတ်ရခဲ့မယ်ဆိုရင် ယူနိုက်တက်နောက်ကို ရောက်လာမှာပါ"

"ကျွန်တော်ကတော့ ယူနိုက်တက် ဒီရာသီမှာ ဗိုလ်စွဲဖို့ မလုံလောက်သေးဘူးထင်တယ်၊ ဒါပေမယ့် အခုသူတို့ရောက်နေတဲ့ နေရာကို မြင်တွေ့ရတာကတော့ တကယ်ကောင်းမွန်ပါတယ်၊ နောက်ရာသီကို ကျွန်တော်ကပိုပြီးတော့ မျှော်လင့်နေပါတယ်၊ အများကြီးပိုကောင်းလာနိုင်ပါတယ်" လို့ အန်ဒီကိုးလ်က ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ၂၀၁၃ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ခြင်းမရှိတော့ဘဲ ဆုဖလားနဲ့ ၇ နှစ်ကြာ ဝေးကွာနေခဲ့ပါတယ်။ 


Author


က္က