တစ်နှစ်အတွင်းမှာ ၄ကြိမ်အထိ ရရှိတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂ဝခုနှစ်အတွင်း ဖေဖော်ဝါရီ၊ ဇွန် နဲ့ နိုဝင်ဘာလတို့မှာ ဆွတ်ခူးထားပြီး ဒီဇင်ဘာအတွက် ထပ်မံဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနို်က်တက်အသင်းရဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုရရှိခဲ့မှုနဲ့အတူ ဖာနန်ဒက်စ်ဟာ ပြက္ခဒိန်တစ်နှစ်အတွင်း တစ်လတာအကောင်းဆုံးကစားသမားဆုကို လေးကြိမ်တိတိရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ဟာ ၂၀၂ဝခုနှစ်အတွင်း ဖေဖော်ဝါရီ၊ ဇွန် နဲ့ နိုဝင်ဘာလတို့မှာ ဆွတ်ခူးထားပြီး ဒီဇင်ဘာအတွက် ထပ်မံဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားကမှ မရရှိဖူးသေးတဲ့ စံချိန်ဖြစ်ပြီး ယူနို်က်တက်ရဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ဂုဏ်ယူလောက်ဖွယ်ရာမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

"သွင်းဂိုး ၃ဂိုးနဲ့ ဖန်တီးမှုလေးကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ပြီးပြည့်စုံတဲ့ လတစ်လဖြစ်ခဲ့ပါတယ်၊ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေက အသင်းဖော်တွေကို ကူညီပေးတာပါပဲ၊ ကျွန်တော် ဆုဖလားတွေနဲ့ ဆုတွေကို အလိုရှိပါတယ်၊ ဒါပေမယ့်လည်း သမိုင်းမှတ်တမ်းသစ်တစ်ခုကိုဖန်တီးနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်" လို့ ဆုရရှိအပြီးမှာ ဖာနန်ဒက်စ်က ပြောဆိုခဲ့ကြောင်း ပရီးမီးယားလိဂ်တရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ဒီဇင်ဘာလအတွင်းမှာ ဝက်စ်ဟမ်း၊ လိဒ်ယူနိုက်တက်၊ လက်စတာ၊ ဝုလ်ဗ်တို့နဲ့ပွဲတွေကို ပါဝင်ကစားပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပေါ့ဂ်ဘာရဲ့ သွင်းဂိုးအတွက်ဖန်တီးပေးခဲ့ပြီး လိဒ်နဲ့ပွဲမှာ ၂ဂိုးသွင်းယူပေးခဲ့သလို လက်စတာ၊ ဝုလ်ဗ်တို့နဲ့ပွဲမှာတော့ ဂိုး ၃ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့ပြီး အခုလိုအကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 



က္က