ယူနိုက်တက်နဲ့ လီဗာပူးဟာ ယခုလအတွင်း ၂ကြိမ် တွေ့ဖို့ရှိပါတယ်။

ပေါ့ဂ်ဘာက ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို ရသည့်တိုင် လီဗာပူးကို မမီနိုင်သေးပေမယ့် ဆုဖလားကိုတော့ အရယူနိုင်စွမ်းရှိတယ်လို့ ပြောလာတာပါ။

မိမိတို့အနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားရသည့်တိုင် လီဗာပူးအသင်းနဲ့ အဆင့်မတူသေးပေမယ့်လည်း ပရီးမီးယား လိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်စွမ်းရှိတယ်လို့ ၂၀၁၈ကမ္ဘာ့ဖလားဆုရှင် ပေါ့ဂ်ဘာက ဝန်ခံပြောလာပါတယ်။



ယူနိုက်တက်အသင်းကတော့ လိဂ် ၁၇ပွဲကစားပြီးချိန်မှာ ကလော့ပ်ရဲ့ လီဗာပူးထက် ၃မှတ်အသာနဲ့ အမှတ်ပေးဇ ယားကို ဦးဆောင်ထားနိုင်ပါတယ်။

 “အများကြီး တိုးတက်လာပါပြီ၊ဆက်လက်တိုးတက်ဖို့ ကြိုးပမ်းရဦးမှာဆိုပေမယ့် ကျွန်တော်တို့အသင်းက အရမ်း ငယ်ပါသေးတယ်။သိသာထင်ရှားတာ တစ်ခုကတော့ ကျွန်တောတို့ဟာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဖြစ်သလို နိုင်ပွဲတွေလည်း ဆက်နေတဲ့ လီဗာပူးရဲ့ အဆင့်ကိုတော့ မမီသေးပါဘူး။အကောင်းဆုံးဖြစ်ချင်ရင် အကောင်းဆုံး အသင်းကို အနိုင်ရဖို့ လိုပါတယ်။သူတို့ ဘယ်လိုကစားတယ်၊ဘယ်လိုတွေ ကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိပါ တယ်။အမြဲတမ်း ခက်ခဲတဲ့ ပွဲတစ်ပွဲအဖြစ် ရှိနေမှာပါ။”လို့ ပေါ့ဂ်ဘာက ပြောပါတယ်။

ယခုလထဲမှာတော့ နှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှု ၂ကြိမ်တိတိ ရှိနေပြီး တစ်ပွဲက ပရီးမီးယားလိဂ်ပွဲဖြစ်ပြီး ကျန်တစ်ပွဲကတော့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးကို ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၈ကြိမ် ရင်ဆိုင်ထားရာမှာ ၅ပွဲသရေ ၁ပွဲနိုင် ၂ပွဲရှုံးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က