လီဗာပူးလ်နဲ့ပွဲမတိုင်ခင်ပြောဆိုခဲ့တာပါ။

ယူနိုက်တက်တို့ ပင်နယ်တီရရှိမှုအပေါ် လီဗာပူးလ်နည်းပြကလော့ပ်အပါအဝင် ဝေဖန်သူတွေရှိနေတဲ့အပေါ် ဖာနန်ဒက်စ်က တုံ့ပြန်လိုက်တာဖြစ်ပြီး နိုင်ပွဲရဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ 


မနက်ဖြန်ကစားမယ့် အင်္ဂလန်ဒါဘီပွဲမတိုင်ခင်မှာ ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က သူတို့အနေနဲ့ ဘယ်သူတွေရဲ့ ပြောစကားကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်တို့ ပင်နယ်တီရရှိမှုအပေါ် လီဗာပူးလ်နည်းပြကလော့ပ်အပါအဝင် ဝေဖန်သူတွေရှိနေတဲ့အပေါ် ဖာနန်ဒက်စ်က တုံ့ပြန်လိုက်တာဖြစ်ပြီး နိုင်ပွဲရဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ 



ဆောက်သမ်တန်နဲ့့ပွဲမှာ လီဗာပူးလ်တို့ရရှိသင့်တဲ့ ပင်နယ်တီတွေမရခဲ့ဘူးလို့ ကလော့ပ်က ယူဆခဲ့ကာ ယူနိုက်တက်အသင်းရရှိနေတာနဲ့ နှိုှုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုကို ဆိုးလ်ရှားကလည်း ပြန်လည်တုံ့ပြန်ခဲ့ပြီး ကွင်းလယ်ဒိုင်တွေကို လွှမ်းမိုးဖို့ ကြိုးစားနေပြီး သူတို့အနေနဲ့ ပြစ်ဒဏ်ကျူးလွန်ခံရရင် ပင်နယ်တီပြစ်ဒဏ်ရရှိမှာသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်က "လူတွေဘာပြောနေလဲဆိုတာ အမြဲတမ်းတွေ့နေရတာပါပဲ၊ ဒါပေမယ့် ကျွန်တော်ကတော့ ဂရုကိုမစိုက်ဘူး၊ သူတို့ဘာပြောနေလဲ ဂရုမစိုက်ဘူး၊ ကျွန်တော်တို့ရှေ့တန်းမှာ လျင်မြန်တဲ့ကစားသမားတွေရှိနေပါတယ်၊ မာရှယ်က ဧရိယာထဲမှာဆိုရင် တစ်ဦးချင်းဖြတ်ကျော်တာ အရမ်းကောင်းတဲ့သူပါ၊ ရက်ရှ်ဖို့ဒ်ကလည်း တော်တော်လေးလျင်မြန်ပြီး နောက်ခံလူတွေဆီကနေ ဘယ်လိုအချိန်မှာမဆို ဘောလုံးရယူနိုင်စွမ်းရှိပါတယ်"

"ဒီအတွက်ကြောင့် ဒါတွေက ပုံမှန်ပါပဲ၊ သူတို့ကအရမ်းမြန်တော့၊ သူတို့ကို ခြေထောက်သွားချိတ်ရင်တော့ လဲကျမှာပါပဲ၊ ဒါဆိုရင် ပင်နယ်တီရမှာပဲလေ၊ လူတွေက သူတို့ဖြစ်ချင်တာကို လျှောက်ပြောနေတာ၊ ကျွန်တော်နဲ့ အသင်းအတွက်တော့ မှန်မှန်ကန်ကန် သွားနိုင်ဖို့က အဓိကပါပဲ၊ ပင်နယ်တီရချိန်ဆိုလည်း ဂိုးသွင်းလိုက်မှာပါ" လို့ ဖာနန်ဒက်စ်က ပြောခဲ့ကြောင်း ndtv က ဖော်ပြခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ကို ရောက်ရှိချိန်ကစပြီး ပင်နယ်တီကတဆင့် သွင်းဂိုး ၁၄ ဂိုးအထိ ရရှိထားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ရာသီကစပြီး ဒီရာသီအထိ ပြိုင်ပွဲစုံကနေ ပင်နယ်တီ ၂ဝကြိမ်အထိ ရရှိထားခဲ့ပြီး ဝေဖန်မှုတွေရှိနေခဲ့သလို သူတို့ရဲ့ လျင်မြန်တဲ့ကစားဟန်ကြောင့်လည်း အခုလို ပင်နယ်တီရရှိနေတာဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ 




က္က