အင်္ဂလန်ဒါဘီပွဲမတိုင်ခင် ပြောဆိုလိုက်တာပါ။
Pyae Phyo Thein

အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စကော့သားကြီးဟာ ၂၀၁၃ မှာ ယူနိုက်တက်ကို အမှတ်ပေးဖလားရယူပေးခဲ့ပြီးနောက် ဘောလုံးလောကကနေ အနားယူခဲ့သူဖြစ်ပါတယ်။ 


ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ ရင်မဆိုုင်ရဘဲ အနားယူခွင့်ရခဲ့တဲ့အပေါ်မှာ ကျေးဇူးတင်မိတယ်လို့ ယူနိုက်တက်နည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်က အရွှန်းဖောက်ပြောဆိုလိုက်ပါတယ်။ အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စကော့သားကြီးဟာ ၂၀၁၃ မှာ ယူနိုက်တက်ကို အမှတ်ပေးဖလားရယူပေးခဲ့ပြီးနောက် ဘောလုံးလောကကနေ အနားယူခဲ့သူဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် လီဗာပူးလ်ကို ၂၀၁၅ မှာ ရောက်ရှိလာတဲ့ ကလော့ပ်နဲ့ ရင်ဆိုင်ရခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။ ယာဂင်ကလော့ပ်လက်ထက်မှာ လီဗာပူးလ်က ခြေစွမ်းပြသနေခဲ့ပြီး နောက်ဆုံး ၂ရာသီမှာ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီအပေါ်မှာ ဖာဂူဆန်က ပြိုင်ဘက်ဟောင်းအသင်းအပေါ် လေးစားမှုပေးခဲ့ကာ ဟာသလုပ်နောက်ပြောင်ခဲ့တာလည်းဖြစ်ပါတယ်။ "လီဗာပူးလ်အသင်း အခုလိုခြေစွမ်းပြနေတဲ့မျိုးနဲ့ မတွေ့ဆုံခဲ့ဘဲ အနားယူခဲ့ရလို့ ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်ပါတယ်၊ သူတို့ရဲ့ ခြေစွမ်းက တကယ်ကို ထူးခြားကောင်းမွန်နေခဲ့ပါတယ်" လို့ Alzheimer Society က ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ခေါ်ယူဖို့လည်း ကြိုးစားခဲ့ဖူးတယ်လို့ ဖာဂူဆန်က ထပ်ပြောခဲ့ပါတယ်။ "သူ့ကို ကမ်းလှမ်းဖို့ ကျွန်တေ်ာတို့ အသင့်ဖြစ်နေခဲ့ပါတယ်၊ သူနဲ့ပတ်သက်ပြီး ဘရန်ဒန်ရော်ဂျာက ကျွန်တော့်ကို ဝေဖန်မှုတွေရှိခဲ့ပါတယ်၊ အမှန်တကယ်ကတော့ သူ ဆန်းဒါလန်းမှာ ကစားနေတုန်းက ခေါ်ယူဖို့အတွက် အသင့်ဖြစ်နေခဲ့တာပါ" လို့ ဖာဂူဆန်က ဆိုပါတယ်။

ယူနိုက်တက် နဲ့ လီဗာပူးလ်တို့ကတော့ အင်္ဂလန်ရဲ့ အပြင်းထန်ဆုံးပြိုင်ဘက်အသင်းတွေဖြစ်ပြီး ခါးသီးမှုတွေ၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်သင်းတွေ့ဆုံတိုင်းမှာ ပွဲကြမ်းလေ့ရှိပြီး အနိုင်ရဖို့အတွက်လည်း ရေကုန်ရေခမ်းကစားတာကြောင့် မြို့ခံပြိုင်ဘက်အသင်းတွေ မဟုတ်ပေမယ့်လည်း ဒါဘီပွဲတွေထက် ပိုမိုကြမ်းတမ်းနေခဲ့ပါတယ်။ 


Author


က္က